သီချင်း - ဘာလိုသေးလဲ
တေးဆို - NO
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
အိပ်မက်များစွာထဲ
(ညညတွေတိုင်းမက်တဲ့
အိပ်မက်တွေတိုင်းမှာ)
မြင်ယောင်နေတဲ့နင့်အပြုံးလေးတွေ
(မှားယွင်းစွာပဲစွဲလမ်းနေဆဲ)
ဝေးနေရရင်လဲ
(သတိရတဲ့စက္ကန့်တိုင်း
အောက်မေ့တဲ့မိနစ်တိုင်း)
အတွေးများထဲမှာနင်ရှိတယ်
(မှားယွင်းစွာပဲစွဲလမ်းနေဆဲ)
ငါ့ရင်ခွင်ထဲ
(မြင်နိုင်ရင်မင်းတွေ့မယ်
ဝေဒနာတွေနဲ့အပြည့်ကွယ်)
အသည်းများကွဲသွားမလား
ငါကြောက်တယ်ချစ်သူရေ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ ရင်တွေကွဲအောင်
ချစ်ခဲ့ပြီးပြီပဲ ဘာလိုသေးလဲ
(Rap)
မိုးသားများ ထဲလိုက်ရှာ
မတွေ့ ခဲ့အချစ်တွေလဲ
တိမ်စိုင်တွေလိုယစ်မူး
ရူးတဲ့စိတ်တွေနဲ့
မင်းလေးကတော့မသိခဲ့
မျှော်လင့်ချက်နဲ့အိပ်မက်တွေ
မင်းနားမှာရှိမယ်ဆိုရင်
အရာအားလုံးကိုမေ့နေခဲ့
ဟိုရင်ကမသိခဲ့တဲ့
အချစ်ရဲ့တေးကိုငါသီဆို
အထီးကျန်တဲ့သန်းခေါင်ယံည
ငါ့ရင်ထဲကကြယ်တွေငို
တချိန်ချိန်ကိုမှန်းဆလို့
မင်းကိုငါလေတမ်းတတယ်
အတူဆုံခွင့်ဝေးတဲ့ဘဝ
ငါ့အနာဂတ်ဟာလွမ်းရတယ်
ဇွတ်မှိတ်လို့ချစ်ခဲ့
ဝေဒနာတွေကိုနှစ်သက်နေခဲ့
မင်းလေးရဲ့ဥပက္ခာတွေ
နာကြင်စွာခါးသက်နေလဲ
စွန့်လွှတ်ဖို့မပြောနဲ့ဆက်လျှောက်ရမယ့်
နေ့ရက်တွေထဲ
ရင်ကွဲအောင်ချစ်ခဲ့ပြီးပြီ
ငါမေးမယ်ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ
မင်းတစ်ယောက်တည်းကိုပဲ
ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ
ဘာလိုသေးလဲ