တကယ်ဆိုငါဟာဒီလိုအခြေအနေမျိုးနဲ့ရင်းနှီးဖူးသူ
ယုံကြည်ကို ကိုယ်တိုင်ရင်ဆိုင်ရှေ့ဆက်တိုးဖို့မရဲဘူး
လေလွင့်ရာမြောပါသွားသလိုငါ
အိုမတည်ငြိမ်တဲ့အတွေးများကြားထဲရူးမလိုပဲ
အဖြေရွေးဖို့ရာ ဆုံမှတ်နှစ်ခုကြားထဲ ငြိတွယ်ကာ
မပြောခဲ့တာ တချို့စကားလုံးတွေမှားမှာစိုးတာ
အို နင်မုန်းသွားမလားကြောက်နေတာ နင်မသိလို့ပါ
ဆိုရင်ငါဟာအသုံးမကျလို့ပါ ဒီလိုထင်နေမလား
လွမ်းရတာနေ့ရက်တိုင်းအချစ်ရယ်
ဒီလိုမျိုး ကျော်ဖြတ်ရတဲ့အချိန်ရယ် ရှည်ဆဲ
ဘယ်လိုငါလမ်းပျောက်နေမယ် မသိတယ်
မတူညီတဲ့ယုံကြည်ရာ တသက်လုံးစာစည်းမျဥ်းများကြားဝယ်
ပြေလည်ရာပြေလည်အောင် အတူတူညှိနှိုင်းပြီးရှေ့ဆက်လှမ်းဖို့
အချိန်တစ်ခုတိုင်အမြဲအတူရှိနေမယ်
အတူဆိုခဲ့သောစကားလုံးများလဲသတိရဆဲ
အချစ်ဝဲဂရက်မှာလည်ရင်းနဲ့ရုန်းထွက်ဖို့ရန်မလွယ်
အချစ်အဓိပ္ပာယ်များစွာဖွင့်ကာပြောနေရရင်
အိုရှုပ်ထွေးလွန်းလို့လိုက်မမှီတာယုံရခက်မယ်
အမှန်ကိုမကြုံဆုံဖူးကြတဲ့အခါဒီလိုထင်ပါမယ်
ကို့အတွက်မှာအချစ်ဟာရိုးရှင်းတယ်
ယုံကြည်ရင်းဖြည့်ဆည်းလို့ချစ်နေမယ်အစဥ်ပဲ
ဒါသာချစ်ခြင်းတရားဆိုတဲ့အဓိပ္ပာယ်
မင်းဘေးဝယ်အမြဲငါအရိပ်လိုရှိချင်မိတယ်
အိုတွယ်ငြိမိတဲ့အချစ်ကိုသာငါစွဲလမ်းတယ်
ဘာဆိုဘာငါ မတွေးတတ်တော့ပါ
ဒါနင်ယုံပါ့မလား
အတိတ်ကခံစားချက်များအဝေးမှာ
ရှင်သန်ရင်းနင်ရှိတဲ့အရပ်ဆီမှာခိုနား
ဒါတွေနင်သိဖို့လွယ်မလားအချစ်ရာ
ပျော်ရွှင်မှုများမင်းဆီမှာ အချစ်ရာ