ကျောင်း ဖွင့်ချိန် စိန်ပန်း တွေလည်း
မြေမှာ ကြဲပြန့်နေ
ကံ့ကော် ပန်းတွေနဲ့ အတူ
သူနဲ့ တွေ့ရာမြေ
တက္ကသိုလ် သို့ မဟုတ်
မြကျွန်းသာ အင်းယား ကန်သည်မြေ
ကျောင်း ဖွင့်ချိန် စိန်ပန်း တွေလည်း
မြေမှာ ကြဲပြန့်နေ
ကံ့ကော် ပန်းတွေနဲ့ အတူ
သူနဲ့ တွေ့ရာမြေ
တက္ကသိုလ် သို့ မဟုတ်
မြကျွန်းသာ အင်းယား ကန်သည် မြေ
ချိန် ညနေ ချမ်း
နေခြည် ဆမ်းရင်လေ
မြေနီလမ်း ကလေးမှာ
အပန်း ဖြေ အပန်း ဖြေ
ချစ်စရာ အလှအပ စကားများ
ပြောကြ တာတွေ
ချစ်သော မိမိငယ်ရေ
အင်းလျား ကန်က
ကိုယ်တို့ ကိုယ်တို့ မေတ္တာမြေ
သိုသိပ် ဝှက်ကွယ် ထားတဲ့
မေတ္တာ တရားတွေ
ရင် ထဲမှာ ကိုယ်စီ ကိုယ်ငှနေ
ချစ် စရာ နှုတ်ခမ်း များမှ
စကား တွေ မပွင့် လင်းကြပေ
သဇင်တွေ ဖူးပါ တဲ့
ဆောင်းဦး ကိုလည်း ကျော်ခဲ့ပြီ မေရေ
ရာသီတွေ ပြောင်း ပေမယ့်
ကိုယ်တို့ နှစ်ဦးရဲ့
မထူး မထူးတဲ့ အခြေ
ချစ်စိတ်တွေ ရင်မှာ
အစဉ်သာ သိမ်းကာ ထားခဲ့ပေ...
နွေဦး လေရူးတွေလည်း မြူးပြီ မေ
ကံ့ကော် တွေလည်း ဖူးလို့ နေ
သစ်ရွက် တွေ မြေမှာ လူးကာ
ဥဩငှက်တွေ တွေ့တော့
ချစ်ရက် တွေရှည်..
နွေဦး လေရူးတွေလည်း မြူးပြီ မေ
ကံ့ကော် တွေလည်း ဖူးလို့ နေ
သစ်ရွက် တွေ မြေမှာ လူးကာ
ဥဩငှက်တွေ တွေ့တော့
ချစ်ရက် တွေရှည်..
သည် အခါ သည် သမယ
ခွဲကြရမယ့် အခြေ
အချိန် တန် အိမ်ပြန် ကြပေမယ့်
ကိုယ့်လိပ် ပြာက မင်း ထံမှာနေ
အင်းလျား ကိုလည်း မမေ့ နိုင်ပေ..
သည် အခါ သည် သမယ
ခွဲကြရမယ့် အခြေ
အချိန် တန် အိမ်ပြန် ကြပေမယ့်
ကိုယ့်လိပ် ပြာက မင်း ထံမှာနေ
အင်းလျား ကိုလည်း မမေ့ နိုင်ပေ..
နွေဦး လေရူးတွေလည်း မြူးပြီ မေ
ကံ့ကော် တွေလည်း ဖူးလို့ နေ
သစ်ရွက် တွေ မြေမှာ လူးကာ
ဥဩငှက်တွေ တွေ့တော့
ချစ်ရက် တွေရှည်..
နွေဦး လေရူးတွေလည်း မြူးပြီ မေ
ကံ့ကော် တွေလည်း ဖူးလို့ နေ
သစ်ရွက် တွေ မြေမှာ လူးကာ
ဥဩငှက်တွေ တွေ့တော့
ချစ်ရက် တွေရှည်..
သည် အခါ သည် သမယ
ခွဲကြရမယ့် အခြေ
အချိန် တန် အိမ်ပြန် ကြပေမယ့်
ကိုယ့်လိပ် ပြာက မင်း ထံမှာနေ
အင်းလျား ကိုလည်း မမေ့ နိုင်ပေ..