သီချင်း - ရွှေတောင်ကြားမှာနေမယ်
တေးဆို - ပလေးဘွိုင်သန်းနိုင်
မင်းရာမ လေးခင်းကိုအမ
မယ်သီတာအပြုံးကလေး တွေ့ပါတယ်
သူ့ကျောင်းအဝ သွားတွေ့တဲ့အခါ
သူ့မျက်နှာ အေးမြလှပါတယ်
နေရောင်မဖြာတဲ့
လမ်းကလေး အတွင်းမယ်
ချစ်သူလေးရဲ့ အိမ်ပါ
ရွှေတောင်ကြား
ကုက္ကိုပင်အရိပ်
နေရောင်မဝင်နိုင်ပဲ ဖြစ်ရတယ်
အား.. အေးချမ်း လှပါတယ်
အင်မတန်လည်း အလှရိပ်တို့ခြယ်
တော်တန်ရုံရောက်ဖို့ ခက်ပါတယ်
နေရောင်မဖြာတဲ့
လမ်းကလေး အတွင်းမယ်
ချစ်သူလေးရဲ့ အိမ်ပါ
ရွှေတောင်ကြား
ကားလေးတွေ ဝင်ထွက်ပါလို့ရယ်
ဒီနေရာလေး လှတယ်ကွယ်
ချစ်သူ့ဘဝ သိပ်လှ သိပ်လှ သိပ်လှ
အား အေးချမ်းလှပါတယ်
အင်မတန်လည်း အလှရိပ်တို့ခြယ်
တော်တန်ရုံရောက်ဖို့ ခက်ပါတယ်
နေရောင်မဖြာတဲ့
လမ်းကလေး အတွင်းမယ်
ချစ်သူလေးရဲ့ အိမ်ပါ
ရွှေတောင်ကြား ...
ကိုယ်သွားမယ် ကိုယ်သွားမယ်
တစ်ယောက်တည်းကွယ်
သွားပါမယ် ကိုယ်သွားမယ်