သီချင်း - နေရာ (၂)
တေးဆို - အာဇာနည်
ရောက်လာချိန်မှာတော့
အဆင်သင့်ဖြစ်အောင်
အမြဲတမ်းပဲ
ရှင်းလင်းထားပါတယ်
ဝေးနေပါသော်လည်း
မျှာ်လင့်ဆဲပါ
ပြက္ခဒိန်စာရွက်များ
တစ်ရွက်စီလွန်ပေမယ့်
မင်းအတွက်ရင်မှာ
တစ်နေရာစာကိုယ်ဦးထားတယ်
အိုး..ဝို..
အချစ်ရေ...
အလွမ်းတွေမြုံနေတဲ့
စိတ်ကူးများ
ညညကျ အိပ်မက်ဖြစ်လာတော့
လှိုက်ဖိုရင်ခုန်ခြင်း
မနက်ခင်းတိုင်း
အနမ်းတွေဝေဆာတဲ့
အတိတ်မှာနေထိုင်ရင်း
မင်းအတွက်ရင်မှာ
တစ်နေရာစာ
ကိုယ်သိမ်းထားတယ်
အိုး..ဝို... အချစ်ရေ...
နေမယ် မနေဘူးကတော့
မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့အကြောင်းတရားတို့
ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ်ကြာပြီ...
အချစ်ဆိုတာဟာလည်း
ခက်သားလားကွယ်
ရှင်းပြတိုင်းမရတဲ့ပုစ္ဆာလို
ပေးနေပါသော်လည်း
မရဘူးလို့ထင်
လွမ်းနေပေမယ့်လည်း
မေ့ပြီထင်သူရယ်
မင်းအတွက်ရင်မှာ
တစ်နေရာစာချန်ထားဆဲပါ
အိုး..ဝိုး... အချစ်ရေ ...
နေမယ်မနေဘူးကတော့
မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့အကြောင်းတရားတို့
ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ်ကြာပြီ
ငါသိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့အချိန်တွေဟာလည်း
သိပ်..ကြာပြီ...