တွေ့ချင်တယ်အချစ်နဲ့
တို့မဆုံတာကြာခဲ့ပြီ
မေ့ပင်လယ်
ရေစီးကြောင်းထဲမှာ
ပဲ့ကိုင်သူမဲ့လို့
ဝေးရာလွင့်မသွားခင်
တွယ်ရာမဲ့သူရင်ထဲ
ခဏဝင်ကြည့်
မုန်းချင်နေတဲ့သူ့
သူ့ရဲ့အမူအရာတွေပြရင်
အားငယ်တယ်
တို့စိတ်ထိန်းမရပါ
ချစ်လွယ်သူမှန်းလည်း
သိပါလျှက်နဲ့လေ
စေတနာတွေ ရေစီးကမ်းပြိုမိ
သူမနှစ်သက်တာ
ဘာများလုပ်မိသလဲ
ညတိုင်းကိုယ့်မှာ
အိပ်မက်ရက်ရှည်လည်း
နီးတော့မလိုနဲ့
ဝေးဝေးလာတယ်
ပြုံးတော့မလိုနဲ့
မဲ့မဲ့လာတယ် တို့.
အချစ်ဆုံးမင်းကို
အပြစ်မဖွဲ့ရက်ပေးမယ့်
တွေ့မြင်နေကျသူ့
မတွေ့တော့မျှော်ကာငိုမိတယ်
စိတ်နာတယ်သူ့ကို
အသည်းထဲမှာ
မေတ္တာပန်းချီလည်းမှိန်
လရောင်ဆိုးခဲ့တယ်
ပြန်ဆုံနိုင်ရန် ခွန်အားမျှပါကွယ်
တွေ့ချင်တယ်အချစ်နဲ့
တို့ မဆုံတာကြာခဲ့ပြီ
မေ့ပင်လယ်
ရေစီးကြောင်းထဲမှာ
ပဲ့ကိုင်သူမဲ့လို့ဝေးရာ
လွင့်မသွားခင်
တွယ်ရာမဲ့သူရင်ထဲခဏဝင်ကြည့်
မုန်းချင်နေတဲ့သူ့
သူ့ရဲ့အမူရာတွေပြရင်
အားငယ်တယ်တို့
စိတ်ထိန်းမရပါ
ချစ်လွယ်သူမှန်းလည်း
သိပါလျက်နဲ့လေ
စေတနာတွေ ရေစီးကမ်းပြိုမိ
သူမနှစ်သက်တာ
ဘာများလုပ်မိသလဲ
ညတိုင်းကိုယ့်မှာ
အိမ်မက်ရက်ရှည်လည်း
နီးတော့မလိုနဲ့
ဝေးဝေးလာတယ်
ပြုံးတော့မလိုနဲ့
မဲ့မဲ့လာတယ် တို့....
အချစ်ဆုံးမင်းကို
အပြစ်မဖွဲ့ရက်ပေမယ့်
တွေ့မြင်နေကျသူ့
မတွေ့တော့မျှော်ကာငိုမိတယ်
စိတ်နာတယ်သူ့ကို
အသည်းထဲမှာ
မေတ္တာပန်းချီလည်းမှိန်
လရောင်ဆိုးခဲ့တယ်
ပြန်ဆုံနိုင်ရန် ခွန်အားမျှပါကွယ်
4.1.2023