ကိုယ်နဲ့မင်း ချစ်ခရီးလမ်းတစ်လျှောက်မှာ
အလိုမကျတာ ဘာများမင်းတွေ့ဖူးသလည်း
ခြေရာတွေကောက်ပြီး ပြန်စီကြည့်ဦး
ပြန်ရေကြည့်ဦး
လူတကာထက် ရှေ့တန်းကမကျတောင်
သူများနောက် ဘယ်တုန်းကရောက်ဖူးလည်း
အသေချာပြန်တွေးမှ ကြင်နာမှုတွေ
တွယ်တာမှုတွေ ပိုထင်ရှားနေ
ဂရုစိုက်နိုင်စွမ်းထက်တောင် ပိုနေပြီ
လုပ်ပေးနိင်စွမ်းထက်တောင် ကျော်နေပြီ
ကိုယ်မင်းကို ဘယ်လောက်ချစ်တာ
လောကထဲ မပြောပြပဲ မင်းအသိသင့်ဆုံး
မယုံကြည်သူမို့ ပသို့ပဲထင်
ဒီအကြောင်းနဲ့ပတ်သက်ရင်
အခုရော နောင်ရော
ဘယ်တော့မှ မဖြေရှင်းချင်
ရေဆန်မှာ ချောခဲ့သမျှ
ရေစုန်မှာ မောဖို့သာမြင်
ရေဆန်မှာအတူ ဒုက္ခရောက်တုန်း
ကိုယ့်အနားမှာ တစ်ခါမှမင်းမညည်းခဲ့တယ်
အဖေါ်မွန်ပီသလွန်းလို့
ပိုချစ်ရ ပိုမြတ်နိုးရ
ရေစုန်မှာ ပျော်ပါးရတော့မယ်
ဘာကြောင့်များ ကပ်ပြီးမင်းဖောက်ခဲ့တယ်
အခါလွန်မျှော်လင့်ချက်တွေ
ဟိုနားတစ်စ ဒီနားတစ်စ
အကုန်ကျန်ရစ်ကျ
ဂရုစိုက်နိုင်စွမ်းထက်တောင် ပိုနေပြီ
လုပ်ပေးနိင်စွမ်းထက်တောင် ကျော်နေပြီ
ကိုယ်မင်းကို ဘယ်လောက်ချစ်တာ
လောကထဲ မပြောပြပဲ မင်းအသိသင့်ဆုံး
မယုံကြည်သူမို့ ပသို့ပဲထင်
ဒီအကြောင်းနဲ့ပတ်သက်ရင်
အခုရော နောင်ရော
ဘယ်တော့မှ မဖြေရှင်းချင်
ရေဆန်မှာ ချောခဲ့သမျှ
ရေစုန်မှာ မောဖို့သာမြင်
ဂရုစိုက်နိုင်စွမ်းထက်တောင် ပိုနေပြီ
လုပ်ပေးနိင်စွမ်းထက်တောင် ကျော်နေပြီ
ကိုယ်မင်းကို ဘယ်လောက်ချစ်တာ
လောကထဲ မပြောပြပဲ မင်းအသိသင့်ဆုံး
မယုံကြည်သူမို့ ပသို့ပဲထင်
ဒီအကြောင်းနဲ့ပတ်သက်ရင်
အခုရော နောင်ရော
ဘယ်တော့မှ မဖြေရှင်းချင်
ရေဆန်မှာ ချောခဲ့သမျှ
ရေစုန်မှာ မောဖို့သာမြင်
ဂရုစိုက်နိုင်စွမ်းထက်တောင် ပိုနေပြီ
လုပ်ပေးနိင်စွမ်းထက်တောင် ကျော်နေပြီ
ကိုယ်မင်းကို ဘယ်လောက်ချစ်တာ
လောကထဲ မပြောပြပဲ မင်းအသိသင့်ဆုံး