လှည့်စားလိုက်-ဖြူဖြူကျော်သိန်း 
V.:1•••နောက်ဆုံးနေ့များစီထိ 
မေတ္တာတရားတွေ 
ငါ့အပေါ်ထားနိုင်မလား 
ငါ မျှော်လင့်မိပါတယ် 
ငါ ယုံစားမိပါတယ် 
ငါပဲရူးနမ်းခဲ့တာ အပြစ်ရှိသမျှ 
ငါ့အပေါ်ပုံချလိုက်ပါတော့ 
ဘယ်တော့မှ လှည့်မကြည့်နဲ့ 
ဘာတစ်ခုမှ မငဲ့ညှာနဲ့ 
CHO:•••လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားလိုက်တာတွေ 
လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားခဲ့တာတွေ 
V:2•••အခွင့်အရေးလည်း မရှိပါဘူး 
မင်းခြေလှမ်းတွေ 
တခြားနေရာသွားချိန်မှာ 
ဘယ်လို ငါကလိုက်ရှာမလဲ 
ဘယ်လို ငါတားဆီးနိုင်မလဲ 
ငါပဲစချစ်မိတာ အပြစ်ရှိသမျှ 
ငါ့အပေါ်ပုံချလိုက်ပါတော့ 
ဒါဟာ ကိုယ့်ထိုက်ကိုယ်ကံပဲ 
ငါဘာတစ်ခုမှ မတတ်နိုင်ခဲ့ 
CHO:•••လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားလိုက်တာတွေ 
လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားခဲ့တာတေ 
ွ 
ဘယ်ဟာအမှန် ဘယ်ဟာအမှား 
ချစ်အားကြီးတော့ ခွဲခြားမရ 
သံကြိုးများလို ခိုင်မာတဲ့ 
နှောင်ဖွဲ့ထားသမျှမေတ္တာကို 
ငါဘယ်လိုဖြတ်မလဲ 
ဟေး............. 
CHO:•••လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားလိုက်တာတွေ 
လုပ်ပါ မင်း ငါ့အပေါ် 
ရက်စက်တာတွေ 
တစ်ဆုံးလှည့်စားခဲ့တာတွေ