သီချင်း - ယုံချင်ပါတယ်
တေးဆို - စုံဖြိုး
ရက်စက်လွန်းတဲ့ စကားလုံးများ
မင်းရဲ့နှုတ်ခမ်းက ထွက်လာတဲ့အခါတိုင်း
ငါရူးမတတ်ဖြစ်တာ အားဟာ အိုးဟို
မင်းရဲ့အမုန်းများမလိုချင်သေးပါ
ကြိုမြင်နေတယ် နှုတ်ဆက်မယ့်စကား
မပြောပါနဲ့ကွာ ရင်မောတယ်
ဘယ်လိုရှင်သန်ရမှန်းမသိ
No No No
အားလုံးပြောင်းလဲ ဟိုးတုန်းကလို
မချစ်နိုင်တော့ရင် ငါ့ရင်ကွဲပြီ
ဆုံးဖြတ်ချက်တို့လွဲမှားခဲ့ရင်
ငါတို့တွေဝေးပြီ ထာဝရ
ယုံချင်တယ် မင်းရဲ့စကားလုံးများ
ဘာတွေကို တောင်းဆိုမှန်းမသိခဲ့ပါ
အဖြူရောင်နေ့စွဲများပျောက်ကွယ်
ငါတို့ရဲ့ ဘဝမှာ
အမှောင်တွေသာ ကြီးစိုးလာ
နာကျင်နေလို့ ကွဲအပ်ငါ့နှလုံးသား
ဟိုတချိန်က စွဲမက်ဖွယ်နှုတ်ခမ်းပါးက
ဒီလို ရက်စက်လွန်းတဲ့
စကားနဲ့ ထိုးနှက်အပြီးမှာ
မင်းထွက်သွားပြီလား
ခါးသီးလွန်းတဲ့နေ့စွဲများ
ငါ့ရဲ့ ဘဝရဲ့အလင်းမှိန်တဲ့နေ့များ
နင်လမ်းပြပေးပါ အားဟာ အိုးဟို
နင့်ရဲ့အပြုံးတို့ လိုချင်တုန်းပါ
နင်လိုချင်တဲ့ တောင့်တမှုမျိုးမပေးနိုင်ခဲ့တာ
ငါမှားတယ်
ဘယ်လိုရှင်သန်ရမှန်းမသိ
No No No
အခန်းလေးထဲက မင်းအငွေ့အသက်တွေ
ငါပွေ့ဖက်ရင်း ငါရူးနေဆဲပါ
မှားယွင်းမှုတို့မရှိခဲ့ကြရင်
မင်းရဲ့အနားမှာ ထာဝရ
ယုံချင်တယ် မင်းရဲ့စကားလုံးများ
ဘာတွေကို တောင်းဆိုမှန်းမသိခဲ့ပါ
အဖြူရောင်နေ့စွဲများပျောက်ကွယ်
ငါတို့ရဲ့ ဘဝမှာ
အမှောင်တွေသာ ကြီးစိုးလာ
နာကျင်နေလို့ ကွဲအပ်ငါ့နှလုံးသား
ဟိုတချိန်က စွဲမက်ဖွယ်နှုတ်ခမ်းပါးက
ဒီလိုရက်စက်လွန်းတဲ့
စကားနဲ့ထိုးနှက်အပြီးမှာ
မင်းထွက်သွားပြီလား
ငါသေချာပြန်စဉ်းစား
ငါတို့အတိတ်နေ့များစွာ
အခုထိမေ့လို့မရနိုင်သေးပါ
ငါတို့ရဲ့အတိတ်တွေ
နောက်လူရင်မှာ မင်းပျော်နေရင်
ငါအမြဲပြုံးနေလိုက်မှာ
အတိတ်ကအချစ်တွေနဲ့ငါ
သက်ဆုံးတိုင်နေခဲ့မယ်
Oh No..
ယုံချင်တယ် မင်းရဲ့စကားလုံးများ
ဘာတွေကို တောင်းဆိုမှန်းမသိခဲ့ပါ
အဖြူရောင်နေ့စွဲများ ပျောက်ကွယ်
ငါတို့ရဲ့ ဘဝမှာ
အမှောင်တွေသာ ကြီးစိုးလာ
နာကျင်နေလို့ ကွဲအပ်ငါ့နှလုံးသား
ဟိုတချိန်က စွဲမက်ဖွယ်နှုတ်ခမ်းပါးက
ဒီလိုရက်စက်လွန်းတဲ့
စကားနဲ့ ထိုးနှက်အပြီးမှာ
မင်းထွက်သွားပြီလား
ရက်စက်လွန်းတဲ့
စကားနဲ့ ထိုးနှက်အပြီးမှာ
မင်းထွက်သွားပြီလား
တချိန်က စွဲမက်ဖွယ်နှုတ်ခမ်းပါးက
ဒီလိုရက်စက်လွန်းတဲ့
စကားနဲ့ ထိုးနှက်အပြီးမှာ
မင်းထွက်သွားပြီလား