menu-iconlogo
huatong
huatong
avatar

Moment (Prod.by Glock)

Team 143huatong
লিরিক্স
রেকর্ডিং
သီချင်း - MOMENT

တေးဆို - Team 143 ၊ ChanMyae MgCho

Band - Glock

Still the one

Just a moment

အခိုက်အတန့်လေးများ ပျောက်ကွယ်ကာသွား

ခဏလောက်ပဲ မင်းလေးရောက်လာပြီး

ခဏလေးအတွင်းပဲ မင်းထွက်ခွာသွားခဲ့တယ်

တိမ်စိုင်လေးများလိုပဲ

မျောလွင့်ခဲ့ တို့ရဲ့အမှတ်တရတွေ

လေပြေလေးများလိုပဲ

ဟိုး အဝေးဆုံးထိပျံသွားတော့

အချိန်တွေ တိုက်စားသွားလည်း

ဘယ်လိုပင် ဝေးသွားလဲ

ငါလေ မေ့လို့မရပါ

ဒီအချိန် ဒီအခိုက်အတန့်လေးကိုပြန်ရရှိဖို့

ငါ စောင့်စားနေမှာ

သို့သော်လည်း အခုမှ

အရာရာ အသစ်ကပြန်စဖို့မဖြစ်တော့

သို့ပေမယ့်လည်းကွာ ပြန်လိုချင်မိတဲ့

ဒီအခိုက်အတန့်လေးများကို ငါ

မမေ့နိင်ဘူး

မင်းနဲ့ထပ်တူပါပဲကွာ ငါမေ့မရဘူး

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်က မင်းရောအရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်က အခိုက်အတန့်ကိုသတိရပါ

Just a moment မင်းသိနိုင်မလား

Just a moment သတိရရဲ့လား

အခိုက်အတန့်လေး အတွင်းထဲမှာတွေ့

အခိုက်အတန့်လေး အတွင်းထဲမှာချစ်ခဲ့

အခိုက်အတန့်လေး အတွင်းထဲမှာ

မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ပြီးတော့မှလမ်းခွဲ

အခိုက်အတန့်လေး အတွင်းထဲက

အမှတ်တရအားလုံး အလွယ်လေးနဲ့မေ့လို့ငါမရခဲ့

အဖြစ်အပျက်တွေ အားလုံး

လျှပ်စီး လက်သွားသလိုမျိုး

ခဏတာလေးနဲ့ အကုန်ပျောက်ကွယ်

ဒါဘာကြောင့်လဲ

အသက်ရှုရပ်မတပ် ချစ်ခဲ့လည်း

ပစ်ချပြီးတော့ နင်အဝေးထွက်ပြေး

မင်းပါးစပ်ကပြောတဲ့ လမ်းခွဲစကားက

ကျီစားနေတာပဲ ဖြစ်ပါစေ

မင်းအပေါ်ထားတဲ့ ငါ့အချစ်မေတ္တာတွေလည်း

ပြောင်းလဲခဲ့ပြီ အတိတ်ဒဏ်ရာတွေ

ပြန်စဖို့မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းတွေ

တစ်ခါတစ်လေ တမ်းတပြီးတော့ငါပြန်ကာတွေး

မင်းတစ်ယောက်အပေါ်မှာ ငါ့အချစ်မစစ်ခဲ့ရင်

အသေဆိုးနဲ့ သေပါစေ

ကျိန်ဆိုကျိန်ရဲတယ် တောင်းဆိုတာတစ်ခုပဲ

အရင်လို ငါ့ဘေးနားပြန်လာပေး

အရင်က တစ်ခုခုဆိုချစ်လို့ စတိုင်းအူယားပြီး

လက်မောင်းကို ကိုက်တဲ့ကလေးလေး

မမေ့နဲ့လို့မပြောချင် အခိုက်အတန့်လေးတွေ

လမ်းကြုံရင် သတိရပေးပါ Baby

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်က အခိုက်အတန့်ကိုသတိရပါ

Just a moment မင်းသိနိုင်မလား

Just a moment သတိရရဲ့လား

အမှတ်တမဲ့လိုပြောလို့ရတဲ့ အခိုက်အတန့်မှာ

အမှတ်တရတွေ ဖြစ်စေခဲ့တဲ့ Moment

အမှတ်တမဲ့နဲ့ ဖွင့်ကြည့်မိတဲ့ Galleryမှာ

အမှတ်တရတွေ အေးခဲသွားတယ် Memory

ပေါင်းစပ်လို့မရတဲ့ chemistry နဲ့

မင်းသူငယ်ချင်းတွေကတော့ Enemy

ကလေးရယ် မင်းကြိုက်တာလုပ်ပါ

မင်းက ကိုယ်ဘဝရဲ့ ဧကရီ

အမြဲတမ်း မင်းပဲမှန်တယ်

ကျန်တဲ့သူတွေ မှားတယ်

ဘယ်သူတွေပြောပြော နားမလည်

ငါ မင်းပြောတာပဲကြားတယ်

အသည်းကိုခွဲလို့ ကစားမယ်ဆိုလည်း

မျက်လုံးကို မှိတ်လို့ထားတယ်

မင်းလိုအပ်ချိန်တိုင်းသာ ဖုန်းဆက်လိုက်

ငါ မင်းအတွက်ရှိနေပါ့မယ်

မင်းဘက်က ဖြစ်ချင်တာရယ်

ဖြစ်သင့်တာရယ် ကြားမှာ

ငါ့ဘက်ကခံစားချက်ကို နောက်ဆုတ်လို့ထားပါ

မင်းဘက်က အဆင်ပြေရင်ရှေ့ဆက်လို့သွားပါ

ငါ့ဘက်ကိုမကြည့်နဲ့ မင်းအတွက်ပြတ်သားပါ

လောင်ကျွမ်းနေတဲ့ မျက်ဝန်းတွေကြားမှာ

တကယ်ဆိုနှလုံးသားကို ဦးနှောက်ကတားတာ

အခုတော့ ခဏလေးကိုယ်ရဲ့အနားမှာ

Just a moment ပွေ့ဖက်လို့ထားပါ

တိမ်စိုင်လေးများလိုပဲ

လေပြေလေးများလိုပဲ

(မင်းနဲ့ထပ်တူပါပဲကွာ မေ့မရဘူး)

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်က အခိုက်အတန့်ကိုသတိရပါ

Just a moment (သတိရနေရဲ့လား)

Just a moment

(Just a moment ခဏလေးအတွင်းမှာ)

(တစ်ချိန်က မင်းရောအရင်အတိုင်းပဲလား)

(ကံစီမံရာအတိုင်းတို့ဆုံတွေ့တဲ့အခါ)

(တစ်ချိန်ကအခိုက်အတန့်ကိုသတိရပါ)

(Just a moment မင်းသိနိုင်မလား)

(Just a moment)

Team 143 থেকে আরও

সব দেখুনlogo
Team 143-এর Moment (Prod.by Glock) - লিরিক্স এবং কভার