သီချင်း-လမ်းကလေး
တေးဆို-သားငယ်
အချိုမြိန်ဆုံး
သူ့စကားလုံးလေးတွေ ငါပြန်ကြားမိနေတယ်
ကိုယ့်ဘေနားရှိသလိုမျိုး မညာချင်ဘူး
ဒီနှလုံးသားလေး ဒဏ်ရာများပြည့်နှက်ဆဲ
နင်ငဲ့လို့မကြည့်ဘူး
အိပ်မက်လား တကယ်လား
နင့်အကြောင်းများ အလွမ်းဖြေသိမ့်လို့
မယုံနိုင်သေးဘူး
ငါလေတွေး ငါထိုင်ငေး
ပုံရိပ်လေးတွေလှမ်းမျှော်ကြည့်လို့
ဆုံနိုင်ဦးမလား
လမ်းလေး... တို့နှစ်ဦးလျှောက်ခဲ့တဲ့လမ်းလေး
ရင်ခုန်ခြင်းများထပ်တူ လမ်းလေး
နာကျင်ရင်း အခုတော့ကွယ်
မေရယ် မင်းအပြုံးလေးချန်ခဲ့တဲ့
ဒီလမ်းလေးထဲက အရူးတစ်ယောက်ပေါ့
ဟိုး...ရေး...
မခံနိုင်ဘူးချစ်သူရေ
အလွမ်းမီးတောက်များဟာ
ရင်ကိုလောင်ကျွမ်းလို့
ဘယ်ထိရက်စက်မလဲ မသိခဲ့
ငါ့နေ့ရက်တိုင်းမှာ တွေ့ချင်နေခဲ့
အို ငါ့ရဲ့အချစ်တွေနဲ့
လမ်းလေး... တို့နှစ်ဦးလျှောက်ခဲ့တဲ့လမ်းလေး
ရင်ခုန်ခြင်းများထပ်တူ လမ်းလေး
နာကျင်ရင်း အခုတော့ကွယ်
မေရယ် မင်းအပြုံးလေးချန်ခဲ့တဲ့
ဒီလမ်းလေးထဲမှာ လွမ်းရင်းပေါ့
အချိန်တွေတိုင်း စောင့်နေတယ်
ငါလေ မင်းတစ်ယောက်ထဲတည်းကို
ငါဖြတ်လျှောက်လို့သွား
ပြန်တွေ့ရပါ့မလား....
လမ်းလေး... တို့နှစ်ဦးလျှောက်ခဲ့တဲ့လမ်းလေး
ရင်ခုန်ခြင်းများထပ်တူ လမ်းလေး
နာကျင်ရင်း အခုတော့ကွယ်
မေရယ် မင်းအပြုံးလေးချန်ခဲ့တဲ့
ဒီလမ်းလေးထဲမှာ လွမ်းရင်းပေါ့
ဟို...ဟို...ဟိုး...
ဒီလမ်းလေးထဲမှာ လွမ်းရင်းပေါ့
လမ်းလေး မေရယ် မင်းအပြုံးလေးချန်ခဲ့တဲ့
ဒီလမ်းလေးထဲက အရူးတစ်ယောက်ပေါ့