သီချင်း - ဆောင်းတွင်းနွေ
တေးဆို - The Zero
ကျောက်ရုပ်လို လှုပ်လို့မရတော့ဘူး
အေးစက်နေ
circus က clown လိုအပြောင်အပျက်သဘော
ပေါ့ပျက်ပျက်ကတိတွေအမှိုက်လိုမီးပြာချ
အခိုးအငွေ့တွေ
အေးစက်စက်အနမ်းတွေငါ့အတွက်ပူလောင်
သွား
နင်အတောင်ပံညောင်းမှ ခိုနားမဲ့သစ်တစ်ကိုင်း
ငါကျေနပ်စွာလက်ခံထား
နှုတ်ခမ်းနီရဲလေးတွေစွန်းကျန်နေတဲ့
t-shirt တစ်ထည် ပြာခြွေခွက်ထဲက
အိမ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့မနက်ခင်း
ပူလောင်လွန်းလှပြီဆောင်းတွင်းနွေ
နှင်းခဲတွေမိုးပေါ်ကကြွေကျအငြိုးကြီးစွာ
အိပ်ခန်းထဲမှာချော်ရည်ပူတွေစီးဆင်း
ဥပက္ခာပြုလို့အဆက်သွယ်ဖြတ်ကာမှ
ခလုပ်တိုက်ကာ သတိရမိသွားတဲ့မင်းရဲ့ဝိုင်ခွက်
လေးကအနားမှာ
နင်အတောင်ပံညောင်းမှ ခိုနားမဲ့သစ်တစ်ကိုင်း
ငါကျေနပ်စွာလက်ခံထား
နှုတ်ခမ်းနီရဲလေးတွေစွန်းကျန်နေတဲ့
t-shirt တစ်ထည် ပြာခြွေခွက်ထဲက
အိမ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့မနက်ခင်း
ပူလောင်လွန်းလှပြီဆောင်းတွင်းနွေ
နှုတ်ခမ်းနီရဲလေးတွေစွန်းကျန်နေတဲ့
t-shirt တစ်ထည် ပြာခြွေခွက်ထဲက
အိမ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့မနက်ခင်း
ပူလောင်လွန်းလှပြီဆောင်းတွင်းနွေ
ပူလောင်လွန်းလှပြီဆောင်းတွင်းနွေ