သီချင်း - ဖြေသိမ့်လိုက်
တေးဆို - ဝိုင်ဝိုင်း
အားလုံးပြီးဆုံးသွားတော့
ရင်တစ်ခုလုံးကြေသွားလား
ကိုယ်ချင်းစာပါတယ်
အိုသူငယ်ချင်းသိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းကတို့တတွေပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့မင့်ရဲ့လိပ်ပြာလေး
ဖြေသိမ့်လိုက်
ကံကြမ္မာဆိုတာကချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်း ဒီလိုပဲ
အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့မင်းနှလုံးသား
အက်ကြောင်းလေးကအမြဲတမ်းအမှတ်တရပေါ့
ရှေ့ဆက်ရမယ့်မင်းရဲ့ဘဝအသစ်တွက်
ဖြေသိမ့်လိုက်
သူငယ်ချင်းရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေအောင်မြင်ပါစေ
တစ်ခါတစ်ရံမှာခါးသီးလဲ
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်ကကြေကွဲခြင်းမင်းမျက်ရည်
မြစ်ပြင်ကျယ်မှာမျောပင်လယ်ထိစီးပါစေ
အားတင်းကာလျှောက်လေ
ကံကြမ္မာဆိုတာကချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်းဒီလိုပေါ့
အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့မင်းနှလုံးသား
အက်ကြောင်းလေးကအမြဲတမ်းအမှတ်တရပေါ့
ဆက်လျှောက်ရမယ့်မင်းရဲ့ဘဝအသစ်တွက်
ဖြေသိမ့်လိုက်
သူငယ်ချင်းရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေအောင်မြင်ပါစေ
တစ်ခါတစ်ရံမှာခါးသီးလဲ
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်ကကြေကွဲခြင်းမင်းမျက်ရည်
မြစ်ပြင်ကျယ်မှာမျောပင်လယ်ထိစီးပါစေ
အားတင်းကာလျှောက်လေ
သူငယ်ချင်းရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေအောင်မြင်ပါစေ
တစ်ခါတစ်ရံမှာခါးသီးလဲ
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်ကကြေကွဲခြင်းမင်းမျက်ရည်
မြစ်ပြင်ကျယ်မှာမျောပင်လယ်ထိစီးပါစေ
အားတင်းကာလျှောက်လေ
စီးပါစေ အားတင်းကာလျှောက် လိုက်