သီချင်း - သူစိမ်း
တေးဆို - Y Zet Ft. Zarni Chit
ဖိနပ်တစ်ဖက်ပျက်သွားရင်
ကျန်တဲ့တစ်ဖက်ဘာသုံးစားရလို့လဲ စုံတွဲဆိုတာအဲ့တာ
တစ်ခြမ်းတည်းနဲ့ ရုန်းထလာဖို့ခက်
မမှားသောရှေ့နေ မသေသောဆေးသမား
မကွဲဖူးသောစုံတွဲများလည်းရှိတော့ရှိတယ် ရှားမယ်
ငါနားလည် မနွေးထွေးတော့တဲ့အိပ်ယာထက်မှာ
ကျောချင်းကပ်ပြီးတော့အိပ်နေ
ချစ်ရက်နဲ့လည်းမလျှော့နိုင်ကြတဲ့ အတ္တဖုံးလွှမ်းတဲ့စိတ်တွေ
ငါ့အနာဂတ်ဟာသူမှသူပဲလို့တွက်ထားခဲ့တာကျိန်းသေ
အခုတော့အတိတ်ရဲ့အရိပ်တွေထဲမှာ ကျန်နေခဲ့တဲ့သူစိမ်းတွေ
သို့မဟုတ် တစ်ချိန်တုန်းကမိတ်ဆွေ
နင်ချန်ထားခဲ့သောအချိန်မှာ ရင်နင့်အောင်လွမ်းသူငါ
ငိုကြွေးနေရင်း သတိလက်လွတ်အတိတ်တွေမေ့သွားဖူးတယ်
ငါပြန်လည်ကာနိုးထ ဘဝကအသစ်ဖြစ်ခဲ့ပေမယ့်
ဒီရင်ထဲက လွမ်းနေတယ် ပြန်မလာတော့တဲ့မင်းကိုငါ
မျှော်လင့်နေဆဲပါ ပူဆွေးစေသော မင်းမရှိတဲ့ညတွေဖြတ်သန်းဖူးတယ်
အဆင်မပြေနိုင်တဲ့ခဏ အဝေးကမင်းလှမ်းခဲ့နိုင်တယ်
အိမ်ငယ်လေးကစောင့်နေမယ် ငါဟာအဝေးကသူစိမ်းပါပဲ
မျှော်လင့်ထားတာတွေ အကုန်လွဲ
တည်ဆောက်ထားတာတွေ အကုန်လွဲ
လက်ထပ်ဖိတ်စာမရိုက်ခင်ကွာရှင်းလိုက်ရတဲ့
စုံတွဲ ငါ့အနာဂတ်ငါဆုတ်ဖြဲ သူ့ဘက်ပဲငါယုံခဲ့
သိပ်ချစ်ကြလို့ထင်ပါရဲ့ တူလာတယ် တစ်ရုပ်တည်းတဲ့
ဘယ်သူစပြောခဲ့လဲ ရုပ်တူရင်ညားတယ်ဆို အက်စစ်နဲ့ပက်
မျက်နှာကိုတက်ပြီးမှ ဓားနဲ့ထိုး လည်ပင်းမှာကြိုးကွင်းစွပ်
ထုတ်တန်းမှာချိတ်ထားခဲ့သလို
နည်းနည်းလေးများတွေးကြည့်ဖူးလား
တစ်ကြိမ်လောက်ငါ့ဘက်ကို မင်းအတွက်တွေ
ငါ့လက်နဲ့မင်းအတွက်ရေး
ထားသမျှကိုနင်းဖျက်ခြေ ပြီးတော့မှ မင်းထွက်ပြေး
လည်ပင်းညှစ်သတ်နေတဲ့ အရင်ကအဖြစ်အပျက်တွေလည်း
စိတ်မှာမနှစ်သက်ပေမယ့် ရင်ဘက်ကိုနင်းဖြတ်စေခဲ့
ဟိုအရင်အတိတ်ကအမှားတွေအား နင်ပြန်ခွင့်လွှတ်ပေးနိုင်မလား
တချိန်ချိန် နောက်လှည့်ခဲ့ပါလားလို့
မျှော်လင့်ရင်းနဲ့စောင့်နေရ နေ့တိုင်းသက်ပျင်းတွေချ
လောကဓံဖြတ်မျဉ်းတွေကြား အသည်းကိုတစ်ချက်ချင်းချေမွှမယ့်
သေမင်းအရက်ပုလင်းတွေကြားထဲ
နင်ချန်ထားခဲ့သောအချိန်မှာ ရင်နင့်အောင်လွမ်းသူငါ
ငိုကြွေးနေရင်း သတိလက်လွတ်အတိတ်တွေမေ့သွားဖူးတယ်
ငါပြန်လည်ကာနိုးထ ဘဝကအသစ်ဖြစ်ခဲ့ပေမယ့်
ဒီရင်ထဲက လွမ်းနေတယ် ပြန်မလာတော့တဲ့မင်းကိုငါ
မျှော်လင့်နေဆဲပါ ပူဆွေးစေသော မင်းမရှိတဲ့ညတွေဖြတ်သန်းဖူးတယ်
အဆင်မပြေနိုင်တဲ့ခဏ အဝေးကမင်းလှမ်းခဲ့နိုင်တယ်
အိမ်ငယ်လေးကစောင့်နေမယ် ငါဟာအဝေးကသူစိမ်းပါပဲ