သီချင်း - Let Me Know Feat:NJ
တေးဆို - Y Zet
အစကမသိပေမယ့် ငါရိမ်မိလို့နေဆဲ
မင်းမျက်လုံးတွေထဲ မြင်နေတယ် မြင်နေဆဲ ..
ဘာကြောင့်မို့ခေါင်းကိုလွှဲ
မျက်စောင်းထိုးလိုက်တာလဲ
ငါရှုပ်ရှက်ခတ်နေတယ် ဒါပေမယ့်
ငါအရူးမှမဟုတ်တာပဲကွာ
everything you want
အမြဲငါဖြည့်ဆည်းခဲ့တာပဲ
အတ္တမာနများအမြစ်တွယ်
ကံကြမ္မာရေစက်ဆုံးခဲ့
နောက်ဆုံးသောအချိန်မရောက်ခင်ငါ
တစ်ခါထပ်မေးဦးမယ်
နင့်ဘက်ကစ္စာထားတိုင်းလဲ
ပစ်ချသွားခံရပါစေလို့ငါကျိန်စာတိုက်တယ်
နင့်ဘက်က ပေးဆပ်တိုင်းလည်းပဲ
ဘေးကပ်ခိုင်းခံရပါစေလို့ငါ ကျိန်စာတိုက်တယ်
ယောကျ ်ားတစ်ယောက်ကိုပျက်စီးစေတာ
အောင်မြင်မှု မိန်းမ နဲ့ အရက်ဆိုရင်
မိန်းမတစ်ယောက်ကိုပျက်စီးစေတာ
ပိုက်ဆံ အလှအပ နဲ့ ရမ္မက်ပဲ
အဲဒီရမ္မက်အတွက်နင် club တွေ Bar တွေ
နေ့စဉ်ရက်ဆက် တက် ဒီမနက် ပြီးတော့
နောက်ထပ် နောက်ထပ် နောက်ထပ် မနက်တွေ
ဘယ်လိုက်ရှာလို့ရှာရမှန်းလဲမသိဘူး
အဆက်အသွယ်တွေပြတ်
တသက်လုံးသာပိတ်ထားလိုက်တော့
အဲဒီ စောက်ဖုန်းကို
Fake check in တွေတင် ပါဦး
home sweet home လို့ နင်မငြိုငြင်ဖို့ နင်မမုန်းဖို့
ငါနေပေးခဲ့တာနင့်ဘဝရဲ့နောက်ဆုံးလို
နင့်ဘဝရဲ့အောက်ဆုံးလို
ကိုယ့်အတွက်ကိုယ်တောင်မတွေးနိုင်ခဲ့ဘူး
အနာဂတ်တွေအားလုံးကလဲပျောက်ဆုံးလို့
ပေါ့ပေါ့လေးပြောပြီးတော့ပြတ်ပြီဆို
တယောက်ငါ ယောင်ယမ်းပြီးရပ်ကြည့်တုန်း
ငါ့ဘက်ကိုလဲ ပြန်ပြီးတော့ တချက်ကြည့်ဦး နောက်ဆုံး ..
Please tell me , let me know .
Please tell me , let me know
ဘာကြောင့်မို့စိတ်တွေကုန်
ငါဘာအမှားများလုပ်ခဲ့ တုန်း
Please tell me , let me know .
Please tell me , let me know
ဘာကြောင့်မို့စိတ်တွေကုန်
ငါဘာအမှားများလုပ်ခဲ့ တုန်း
Please tell me , let me know .. oh ho ho
Please tell me , let me know .. oh ho ho
Please tell me , let me know
မင်းဆိုးချင်တိုင်းဆိုးလို့ရတဲ့နှုတ်ခမ်းနီမဟုတ်ဘူး
မင်းဆော့ချင်တိုင်းဆော့လို့ရတဲ့အရုပ်မဟုတ်ဘူး
မင်းစားချင်တိုင်းစားလို့ရတဲ့ အစားမဟုတ်ဘူး
ငါမင်းစေရာသွားရအောင်မင်းစီးတဲ့ကားလဲမဟုတ်ဘူး
သူကဂေါ်လီလေးလိုလိမ့်ချင်တယ်လမ်းမထက်
မကျေနပ်ရင်ပြတ် သူ့ရဲ့အနားကထွက် တဲ့
မနက်လင်းရင်စီးကရက်ကိုတမ်းတတတ်သလိုမျိုး
ချစ်မိသွားရင်မကောင်းမှန်းသိလဲဖြတ်ရခက်
ဒါကြောင့်တိတ်ဆိတ်ပြီးနေတဲ့အခန်းထဲ
ကျိတ်မိတ်ပြီးကြေကွဲ
ပြန်မပြောတဲ့ Message box ကိုနှိပ်နှိပ်မိနေမြဲ
ချိတ်ပိတ်ပြီးနေခဲ့ ပါးစပ်ကို
သိပ်စိတ်ကြီးပေမယ့် မယှဉ်နိုင်ပါဘူး
သူ့ရဲ့ဘေးကဂျိတ် အကိတ်ကြီးတွေနဲ့
ရွှေပေါ်မြင်တင်မင်းသမီးလေး
အကောင်းစားသူကြိုက်တယ်
ဆင်းစီးမြင်းရံထားနိုင်မှအနောက်ကသူလိုက်မယ်
အဲလိုနဲ့ပဲကျွန်တော်လဲ ... Hak Hak ...
ကိုယ့်ရည်းစားကိုရေစက်ချပြီး
သူတောင်းစားလှူလိုက်တယ် ... f**k
သစ္စာမျက်နှာဖုံးနဲ့ လိမ့်နေ
ငါအရှုံးပေးလိုက်ပြီ ထွက်သွားလို့ရပြီ
ပျော်ပျော်နေစမ်းပါ မင်းကြင်ဖော်တွေ နဲ့
ငါအရုပ်မှမဟုတ်တာ မင်းလောက်မယုတ်မာပါ
Please tell me , let me know .
Please tell me , let me know
ဘာကြောင့်မို့စိတ်တွေကုန်
ငါဘာအမှားများလုပ်ခဲ့ တုန်း
Please tell me , let me know .
Please tell me , let me know
ဘာကြောင့်မို့စိတ်တွေကုန်
ငါဘာအမှားများလုပ်ခဲ့ တုန်း
Please tell me , let me know .. oh ho ho
Please tell me , let me know .. oh ho ho
Please tell me , let me know