menu-iconlogo
huatong
huatong
avatar

ကော်ပတ်ရုပ်

Yair Yint Aunghuatong
লিরিক্স
রেকর্ডিং
သီချင်း - ကော်ပတ်ရုပ်

တေးဆို - Yair Yint Aung

မင်းအပြုံးတွေအောက်မှာ

အသက်မဲ့ဖူးတဲ့

အရူးတစ်ယောက်ပါ

ကော်ပတ်ရုပ်လေးရေ

နားထောင်ပေးပါ

စကားတွေ ပြောချင်လို့

မင်းအကြောင်းတွေ

သိအောင် ငါကြိုးစားခဲ့

(မင်းကတော့ သိမှာမဟုတ်ဘူး)

ရလဒ်ကတော့

အနှုတ်လက္ခဏာ ကြားခဲ့ဖူးတဲ့

သီချင်းလေးအတိုင်းပါပဲ

ကျနော် ချစ်နေတဲ့

သူမ မှာချစ်သူရှိနေခဲ့တယ်

ရာသီဥတုကတော့ ကျုပ်ဘက်မပါ

နွေခေါင်ခေါင်ကြီး မိုးတွေသည်း

နင်ဟာ နာဂစ်လို

မုန်တိုင်းတွေ ဖန်တီးကာ

ငါ့အသည်းကို အမြစ်က

ဆွဲနှုတ်ခဲ့ (ဪ)

ကြံကြံဖန်ဖန်ကွာ အူကြောင်ကြောင်

ကလေးလေးကိုမှ

(ငါချစ်မိသွားခဲ့တာ အပြစ်လား)

ဝဠ်ကြွေးရှိလို့လား

ဗေဒင် ယတြာတွေမကယ်နိုင်အောင်

ကံခေလွန်းတဲ့ လူသား

စွဲလမ်းခဲ့ရတဲ့ အရုပ်လေးရေ

သိမ်းထားခွင့်မရှိပေမယ့်

ချစ်နေတုန်းပဲ

မင်းကတော့ မသိနိုင်ခဲ့

၂ယောက်တွဲ ဓာတ်ပုံများ

မင်းရဲ့ Facebook မှာတွေ့တယ်

ငါ ငရဲကြီးနေမလား

ရည်းစားရှိတာ သိလည်း

ခိုးပြီးချစ်နေမိခဲ့

ထမင်းစားပြီးပြီလား

Massage ပို့မလို့စာစီရင်းနဲ့

အချိန်ကုန်သွားတယ်

လက်တွေ့မဟုတ်

အသည်းကွဲတဲ့

သီချင်းတွေများစွာကြား

ငါလက်ပစ်ကူးနေရ

စိတ်ရှုပ်လို့ရုပ်ရှင်ကြည့်ခါမှ

ဖြုတ်ဆို မီးပျက်သွား (nahh)

တစ်ချိန်ချိန်နင်ငါ့ကိုပြန်ချစ်မယ် ငါသိတယ်

ညတိုင်းဘုရားမှာဆုတောင်းတာပဲ

အတူရှိ့ မယ့်ဘဝလေးကို

စိတ်ကူးယှဉ်နေတုန်းမှာ

အိမ်မက်ကလှန့်နိုးသွားခဲ့

ကြံကြံဖန်ဖန်ကွာ အူကြောင်ကြောင်

ကလေးလေးကိုမှ

(ငါချစ်မိသွားခဲ့တာ အပြစ်လား)

ဝဠ်ကြွေးရှိလို့လား

ဗေဒင် ယတြာတွေမကယ်နိုင်အောင်

ကံခေလွန်းတဲ့ လူသား

စွဲလမ်းခဲ့ရတဲ့ အရုပ်လေးရေ

သိမ်းထားခွင့်မရှိပေမယ့်

ချစ်နေတုန်းပဲ

မင်းကတော့ မသိနိုင်ခဲ့

ငါခပ်လှမ်းလှမ်းကကြည့်နေခဲ့

ငါခပ်ပါးပါးလေးသတိရတယ်

ခပ်ဝေးဝေးကချစ်နေယုံပဲ

ခပ်တိုးတိုးလေးလွမ်းရတယ်။

Yair Yint Aung থেকে আরও

সব দেখুনlogo