နှစ်ကိုယ်တူ
တေးရေး - Yaw Yazt, Yarwana, Min Thant
တေးဆို - Yaw Yazt, Yarwana, Min Thant
ဒီသီချင်းကမင်းအတွက်ပါအချစ်ရေ...
နားဆင်ပြီးမပြောနဲ့ နော် အပြစ်တွေ
မိုနာလီဇာရူံးလောက်တဲ့
နင့်ရဲ့အပြုံးတွေနဲ့
ဖမ်းစားထားတဲ့ ကိုယ့်အချစ်ဆုံးရေ
လိမ္မာပါ့မယ်
မင်းအရှေ့မှာ အမြဲလို
ကလေးတယောက်လို
ချွဲလို့သာအကဲပို
ချစ်လွန်းလို့အလျှော့ပေးထားတာပါ
ခွဲလို့ တော့ မသွားနဲ့
ကိုယ့်ရဲ့ အသဲကို
ယုံကြည်ပါ ထာဝစဉ်သာအမြဲ
မင်းတယောက်ကိုသာ ကမ္ဘာထင်ပါတယ်
ကြိုးစားသမျှအရာမထင်လာလဲ
မင်းအကြောင်းရည်ညွန်းလို့
ကဗျာအင်္လကာဖွဲ့
နင်မကြင်နာ မုန်းခဲ့လို့ ချစ်သူ
အဝေးကပဲ လွမ်းနေပါတယ် miss u
နှလုံးသားလေးအမြဲကြင်နာ
forever with u
မင်းတယောက်သာ ငါ့အချစ်ဆုံးပါ
ဒီကမ္ဘာမှာ မင်းလေးအလှဆုံးကွာ
ငါအသက်နဲ့ငါရဲ့ခန္ဓာ
မင်းလေးအတွက်ဆို အဆင်သင့်ပဲကွာ..
တခြားတစ်ယောက်လဲ
ထပ်မချစ်ပါဘူး
မင်းကြောင့်ပဲ ညညငါရူး
မင်းလေးနဲ့ပေါင်းဖက်ခွင့်ရဖို့ငါ
ရောက်တဲ့ဘုရားတိုင်းမှာ
တောင်းတဲ့ဆု....
တို့နှစ်ယောက်ဇာတ်လမ်းအစ
စာသင်နေချိန် လက်လှမ်းပြ
အထက်တန်းပြဆရာမ
၀ါးခြမ်းပြနဲ့မရပ်တန်းချ
လျှိူးရာထင်သော လက်သန်းနားလေး
ကိုယ့်နူတ်ခမ်းလေးနဲ့ဥုံဖွလုပ်
တခါတလေ ကလေးလို ပေါက်ကရပြောလဲ
ခေါင်းလေးညိမ့်လို့ ယုံရအုံးမယ်
နင်နောက်ကရည်းစားစာ
အတင်းလိုက်ပေးတဲ့ကောင်ကို
လက်ထဲကထမင်းချိုင့်လေးနဲ့
ခေါင်းကိုပြေးပြီး ဗျင်းလိုက်သေးတယ်
ရန်ဖြစ်တာနင်မကြိုက်ရင်လဲ နောက်ဆိုသည်းခံ ပြင်လိုက်မယ်
တစေတစိုက် ငါပြောတဲ့စကားကိုနားထောင်ပြီး
မဝတ်ပါနဲ့ အကျီရင်ဟိုက်တွေ
မင်းနဲ့ပတ်သက်ရင် အချင်းချင်းတောင် ဆတ်ဆတ်ထိမခံတာ
အဲ့လိုတချက်တချက်
မင်းရဲ့လက်တဖက်ကိုဆွဲပီးတော့
ငါအသက်ဆက်ချင်
သိပ်ချစ်တာကိုး တကယ်ကြီးနှလုံးသား
စိတ်တင်ပါဗျို့
မင်းကတကယ့်ပရောဟိတ်လေး
ငါရဲ့အနာဂတ် နိမိတ်ဖြစ်တာမို့
ချစ်ခြင်းဟာရောဂါမဟုတ်
နင့်မေတ္တာသဘောတရား
ငါ့ကိုပြင်သင့်တာပြောပါ
ဒီလိုပဲဖြစ်သင့်တာပေါ့ဟာ
ချစ်တယ်အဆုံးထိမင်းကို
ခံစားချက်အစစ်တွေနဲ့
ငါတကယ်ပဲချစ်လို့
ဒါမလွယ်တဲ့အဖြစ်မို့
နင့်ကိုကာကွယ်မဲ့ အချစ်မျိူး
မင်းတယောက်သာ ငါ့အချစ်ဆုံးပါ
ဒီကမ္ဘာမှာ မင်းလေးအလှဆုံးကွာ
ငါအသက်နဲ့ ငါရဲ့ခန္ဓာ
မင်းလေးအတွက်ဆို အဆင်သင့်ပဲကွာ..
တခြားတယောက်လဲထပ်မချစ်ပါဘူး
မင်းကြောင့်ပဲ ညညငါရူး
မင်းလေးနဲ့ ပေါင်းဖက်ခွင့်ရဖို့ ငါ
ရောက်တဲ့ဘုရားတိုင်းမှာ
တောင်းတဲ့ဆု....
ကောင်မလေးမင်းရဲ့အနာဂတ်ထဲ
ငါဆိုတာပါလာပြီလား
လာလာအီကြတဲ့ကောင်တွေဖြဲဖို့
ပါ၀ါရှိထားတယ်
နင်ခေါ်ရင်လာပါပီခင်ဗျ ဆိုပီးတော့
စာဝါရီခ တယ်
အဲ့လိုမကြာမကြာရီရအောင် မင်းရှေ့မှာလာလာကျီစားမယ်
ပဲတကယ်များနေတဲ့သူနဲ့
အနမ်းတွေလဲလှယ်မျှဝေ
ဆံဖြူလို့သွားကျိုးတဲ့အထိချစ်မယ်ဆိုပီး မဲဆွယ်ထားသေးတယ်
နင်နတ်သမီးဖြစ်ရင်ဘေးက
နတ်သားလေးလိုကျုံ့လိုက်မှာ
အာဘွားပေးရင်ကြားလာခံတဲ့
သနပ်ခါးလေးကိုမုန်းလိုက်တာ
လမ်းထိပ်ကရခိုင်မုန့် တီဆိုင်က
တဆင့်မင်းနဲ့ နိဗ္ဗာန် လှိမ့်ချင်
သူငယ်ချင်းအပေါ်ကျော်တဲ့
မင်းဘော်ဒါတွေကြောင့်ငါ
တိရစ္ဆာန် စိတ်ဝင်
ပြီးတော့ ပိတ်ကန်သိပ်ချင်
နင်လဲသူ့ အပေါ်ယိုင်လွန်ုပြန်မှာစိုး
ပိုင်တံခွန် ခန္တာကိုယ်မရှိပေမဲ့
ကာကွယ်ပေးမယ် ဒိုင်လွန်သန်နာလို
စိတ်ထားဖြူစင်ပြီး ရိုးသားတဲ့ပြင်
အသားအရေ ဝင်းကာလှပ
အနာဂတ်ရဲ့ ချွေးမဖြစ်လာရမယ်
အမေကအတင်းလာနားချတယ်
ဒီဘဝတော့ပေါင်းရပြီ
ကြာသပတေးသမီးနဲ့
တနင်္လာသားက
အိမ်မှာထမင်းလာစားကြဆိုပြီး
သတင်းစာ ကနေလွှင့်ကာကြွားပြမယ်
မင်းတယောက်သာ ငါ့အချစ်ဆုံးပါ
ဒီကမ္ဘာမှာ မင်းလေးအလှဆုံးကွာ
ငါအသက်နဲ.ငါရဲ့ခန္ဒာ
မင်းလေးအတွက်ဆို အဆင်သင့်ပဲကွာ..
တခြားတယောက်လဲထပ်မချစ်ပါဘူး
မင်းကြောင့်ပဲ ညညငါရူးး
မင်းလေးနဲ့ ပေါင်းဖက်ခွင့်ရဖို့ ငါ
ရောက်တဲ့ဘုရားတိုင်းမှာ
တောင်းတဲ့ဆု....
ဟိုး...၀ိုးး...
YEAH.....YEAH
ငါရောက်တဲ့ဘုရားတိုင်းမှာ
တောင်းတဲ့ဆု....
ငါရောက်တဲ့ဘုရားတိုင်းမှာ တောင်းတဲ့ဆု....