သတိရနေတယ် အဖြူရောင်ရှပ်အကျီလေးကို
နင့်အငွေ့အသက်မှားစီးဝင်နေတာဟ
တိတ်ဆိတ်စွာအော်ဟစ်ရင်းငါ့မှာ
မနေ့ကလိုမချိုမြိန်တဲ့အရသာ
နင့်ရဲ့အပြုံးထက်စာရင်ဒီဝီစကီကပိုချိုတယ်
အစိမ်းရောင်မြက်ခင်ပြင်ပေါ်လှဲတိုင်း
မိုးကောင်းကင်ကကြိုဆိုတယ်
ငါ့ကိုလာဖို့ဖိတ်ခေါ်တယ်
အရက်သောက်ရရင်သိပ်ပျော်တယ်
ညနေမှာပွင့်တဲ့ပန်းကို
ညမှာမအိပ်ဖို့ငါစိန်ခေါ်တယ်
ခေါက်ထီးလေးကိုရိုက်ချိုးပြီး
မိုးရေထဲကိုထွက်ပြေးသွား
အုတ်နံရံမှာဆုတောင်းနေတယ်
အချိန်တွေခဏလောက်ရပ်ပေးပါ
အရေးမပါတာအရာပေးတော့
အရေပြားအပေါ်အယားပြေလား
ငါ့အတွက်အချစ်ကခါးလေ
ဒါပေမယ့်နင့်အတွက်ကြတော့ပျားရည်ပါ
ငါ့ရဲ့ပျောက်နေတဲ့အိမ်မက်တချို့ကို
ခြေထောက်တွေနဲ့နင်းသတ်လို့
နင့်အတွက်ကောင်းကင်က
ဖန်ဆင်းတဲ့ကြယ်တွေတောင်
နင့်ကိုရွံပြီးမလင်းလက်တော့ပါ
နောက်ပြီးငါမျက်ရည်ကျနေတာ
မိုးရေကငါ့အလွမ်းတွေနဲ့ထပ်တူပဲ
စိတ်ဓါတ်တွေကျတိုင်း ငါ့ဘေးကဆေးလိပ်တွေ
မင်းတို့ထက်ချစ်တယ် f**k You ပဲ
အဆင်ပြေပါတယ် နေ့တိုင်းမျက်ရည်ကျတာလွဲလို့
အဆင်ပြေပါတယ် မျှော်လင့်ချက်တွေမထားပါနဲ့အုံး
အဆင်ပြေပါတယ် အဆင်ပြေပါတယ်စိမ့်ရေ
ငါငိုနေလဲ နင်ပျော်နေတုန်းပဲ
နင်လမ်းလျှောက်တဲ့အခါ
နင့်ဘေးနားရှိချင်တာ
နင်ချမ်းတတ်တဲ့အခါ
ငါအနွေးဓါတ်ပေးချင်တာ
ငါရူးမတတ်ချစ်တာ
နင်မသိခဲ့လို့လားကွာ ညာပြီးသွားတာလား
ပျောက်နေတဲ့ခန္ဓာကိုယ်တစ်ခြမ်းကို
ပြန်လာဖို့တမ်းတမယ့်အစား
မခမ်းနားတဲ့အတိတ်ကိုလွမ်းပါတယ်
ဟုတ်တယ် မင်းကပရမ်းပတာပဲ
မျက်ရည်ဆိုတာကြီး ကျလာတဲ့နောက်မှာ
နှုတ်ခမ်းကပြုံးပြီးဝမ်းသာလည်း
နင့်ကိုဘယ်တော့မှမလွမ်းတော့ဘူး
သတိရခြင်းတွေကိုလွမ်းပါတယ်
ကလေးလေးတွေ့ပြီလား
နင်ရှာနေတဲ့ရည်းစားသစ်ကို
နင်သိပ်မိုက်ရိုင်းတာပဲဟာ
အရက်မသောက်ပဲအမြည်းစားခြင်းမျိုး
မျှော်လင့်ခြင်းယူဇနာတစ်ရာ
ဖျက်ဆီးခဲ့တာသူပါကွာ
ဝမ်းနည်းခြင်းတွေယူလာပါ
ငါ့မျက်လုံးလေးတွေဖြူပြာဝါ
ငါကမနက်ဖြန်ဆို နင်ကအနောက်ရပ်ကိုကျောပေးထား
ငါ့တစ်ယောက်တည်းမထားခဲ့ပါနဲ့လို့
သူမကိုပြောပေးပါ နင့်နှုတ်ခမ်းပါးပါးလေးမှာ
ငါ့အတွက်ကြင်နာတာတွေမရှိဘူးလား
အတည်ပြုပေးလိုက်ပါ့မယ်
နင်ထွက်သွားတာလေးကကြည်နူးစရာ
နင်ဝင်လာတုန်းကလိုတံခါးကို
ညင်သာစွာပြန်ပိတ်ပေး
နင့်နဖူးထက်ဆံပင်စမိတ်လေးချထား
ရင်ထဲမှာချမ်းစိမ့်နေတဲ့
အခိုက်အတန့်လေးတွေကို
ပြန်သိမ်းပေးပါတော့ ပါးမှာမျက်ရည်ကျ
ငါ့ကမ္ဘာပျက်နေတာ အရင်က
သူအနားမှာကပ်နေတာကို
အရသာမှတ်နေတာငါမှားသွား
အရင်ချိန်တွေပ့န်တမ်းတရင်တောင်
ကယ်တွေဆီသွားပြီးမပူဆာနဲ့
မင်းနဲ့ကလပ်မှာအတူကခဲ့တဲ့ဘဲနဲ့
လက်ထပ်ယူပါသဲ မင်းတို့ဘေးလမ်းမှာနေတဲ့ဘဲနဲ့လည်း
အေးချမ်းပါစေငါအဆွေးအလွမ်းကဗျာရေး
ငါတို့မိုင်ထောင်ချီဝေးစမ်းပါစေ
နင့်အကြောင်းကို ပင်လယ်တွေဆီမေးမြန်းတာဟေ့
အဆင်ပြေပါတယ် နေ့တိုင်းမျက်ရည်ကျတာလွဲလို့
အဆင်ပြေပါတယ် မျှော်လင့်ချက်တွေမထားပါနဲ့အုံး
အဆင်ပြေပါတယ် အဆင်ပြေပါတယ်စိမ့်ရေ
ငါငိုနေလဲနင်ပျော်နေတုန်းပဲ
နင်လမ်းလျှောက်တဲ့အခါ
နင့်ဘေးနားရှိချင်တာ
နင်ချမ်းတတ်တဲ့အခါ
ငါအနွေးဓါတ်ပေးချင်တာ
ငါရူးမတတ်ချစ်တာ
နင်မသိခဲ့လို့လားကွာ ညာပြီးသွားတာလား