menu-iconlogo
huatong
huatong
avatar

မငိုပါနဲ့ 

ခုပ်ပီးhuatong
si15011984huatong
Liedtext
Aufnahmen
မငိုပါနဲ့

တေးရေး သွန်းပူ

တေးဆို ခုပ်ပီး(DORON)

ESMA Za Dawt Sang

မင်းရဲ့ဘဝ သာယာနိုင်မယ်ဆိုခဲ့ရင်

နင်ပျော်နိုင်မယ် ဆိုခဲ့ရင်

ကိုယ့်ရဲ့ဘဝကို မင်းအတွက် အသုံးခံမှာ....

နင်ဖြစ်ချင်တဲ့ အရာရာအားလုံး

ကိုယ်တတ်စွမ်းသလောက်

ပေးဆပ်ရင်းနဲ့ ငါ့ဘဝစတေးခံမယ်.....

ကြေကွဲစရာများ တွေ့ကြုံတဲ့အခါ

မင်းနဲ့ထပ်တူ ဝေမျှမယ်....

မငိုပါနဲ့ချစ်သူရယ်

ကိုယ်လေ မင်းအနား ရှိနေမယ်

ဘယ်အချိန် ဘယ်သူတွေက မင်းကို ပစ်သွားလဲ

ကိုယ် တစ်သက်လုံး ချစ်နေမယ်

အဖြူစင်ဆုံး အချစ်တွေနဲ့

ကိုယ်လေနှစ်သိမ့်ရင်း

မင်းအနား အမြဲနေမယ် မငိုပါနဲ့ကွာ....

Solo...

နင်ဖြစ်ချင်တဲ့ အရာရာအားလုံး

ကိုယ်တတ်စွမ်းသလောက်

ပေးဆပ်ရင်းနဲ့ ငါ့ဘဝ စတေးခံမယ်....

အဖော်မဲ့နေချိန် ငါရောက်ခဲ့မယ်

နင်ဝမ်းနည်းခြင်းတွေ မေ့ထားလေ....

မငိုပါနဲ့ချစ်သူရယ်

ကိုယ်လေ မင်းအနား ရှိနေမယ်

ဘယ်အချိန် ဘယ်သူတွေက မင်းကို ပစ်သွားလဲ

ကိုယ် တစ်သက်လုံး ချစ်နေမယ်

အဖြူစင်ဆုံး အချစ်တွေနဲ့

ကိုယ်လေနှစ်သိမ့်ရင်း

မင်းအနား အမြဲနေမယ်

key change

မငိုပါနဲ့ ချစ်သူရယ်

ကိုယ်လေမင်းအနား ရှိနေမယ်

ထာဝရ.... မင်းကိုပဲ....

ကိုယ်တစ်သက်လုံး ချစ်နေမယ်

အဖြူစင်ဆုံး အချစ်တွေနဲ့

ငါနင့်အနား.... ရှိနေဆဲ....

မငိုပါနဲ့ကွာ...

ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ

ကျေးဇူးတင်ပါတယ်

Mehr von ခုပ်ပီး

Alle sehenlogo