menu-iconlogo
huatong
huatong
avatar

ချစ်သူအတွက်ဆိုစွန့်ဝံ့တယ်

ချမ်းမြေ့မောင်ချိုhuatong
elladitsahuatong
Liedtext
Aufnahmen
ငွေပင်လယ်ပြာကြီး

ကာဆီး...ထားစမ်းပါ

ငါးကလေးလို

ကူးလာခဲ့မယ်

တောင်ကမ်းပါးရံ တောင်တံတိုင်း

ပိုင်း..ခြား ထားစမ်းပါ

သိမ်းငှက်လေးလို

ဖြတ်လာခဲ့...မယ်

ဘယ်လိုပင်အခက်ခဲ

ကြုံလာပါစေကွယ်

အရာရာကို ကျော်လွှားမယ်

ချစ်သူအတွက်ဆို စွန့်ဝံ့တယ်

အချစ်အတွက်အသက်ကိုပေးရဲတယ်

ဘယ်အရာမဆိုရင်ဆိုင်ရဲတယ်

ငွေပင်လယ်ပြာကြီး

ကာဆီးထားစမ်းပါ

ငါးကလေးလို ကူးလာခဲ့မယ်

တောင်ကမ်းပါးရံ တောင်တံတိုင်း

ပိုင်းခြား ထားစမ်းပါ

သိမ်းငှက်လေးလို ဖြတ်လာခဲ့မယ်

ဘယ်လိုပင် အခက်ခဲ

ကြုံလာပါစေကွယ်

အရာရာကို ကျော်လွှားမယ်

ချစ်သူအတွက်ဆို စွန့်ဝံ့တယ်

အချစ်အတွက်အသက်ကိုပေးရဲတယ်

ဘယ်အရာမဆိုရင်ဆိုင်ရဲတယ်

နာခံခြင်းသည်

မောင့်အတွက်သက်သက်ပါ

ချစ်ခြင်းမှာ အမြတ်အရှုံးမတွက်ပါ

နှစ်ဖြာသာယာရေးသည်

နှစ်ယောက်ဘဝရဲ့ ပုစ္ဆာ

တူမျှထွေးယူ ဖေးကူလက်တွဲမှာ

ကြင်နာသူ အချစ်ဆုံး

မောင်ရှိတဲ့အရပ်သည်

မေ့ရဲ့ကမ္ဘာ မေ့ပျော်ရာပဲ

ခင်တွယ်စရာသူ့အပြုံး

မြင်တွေ့လိုက်ရရင်

လွမ်းနေသမျှတွေ လန်းလာရမယ်

အဆောင်အယောင်တွေ အလကား

ရွှေငွေတွေ အမှုမထား

ဒီကမ္ဘာမှာ အလှဆုံးအရာ

သစ္စာတရားသည် ကိုးစားရာ

အချစ်အတွက်စိတ်သည် အားဆေးပါ

အကြင်နာသည် မြတ်နိုးစရာ

ငွေပင်လယ်ပြာကြီး

ကာဆီးထားစမ်းပါ

ငါးကလေးလို ကူးလာခဲ့မယ်

တောင်ကမ်းပါးရံ တောင်တံတိုင်း

ပိုင်းခြား ထားစမ်းပါ

သိမ်းငှက်လေးလို ဖြတ်လာခဲ့မယ်

ဘယ်လိုပင် အခက်ခဲ

ကြုံလာပါစေကွယ်

အရာရာကို ကျော်လွှားမယ်

ချစ်သူအတွက်ဆို စွန့်ဝံ့တယ်

အချစ်အတွက် အသက်ကိုပေးရဲတယ်

ဘယ်အရာမဆိုရင်ဆိုင်ရဲတယ်

နာခံခြင်းသည်

မောင့်အတွက်သက်သက်ပါ

ချစ်ခြင်းမှာ အမြတ်အရှုံးမတွက်ပါ

နှစ်ဖြာသာယာရေးသည်

နှစ်ယောက်ဘဝရဲ့ ပုစ္ဆာ

တူမျှထွေးယူ ဖေးကူလက်တွဲမှာ

ကြင်နာသူ အချစ်ဆုံး

မောင်ရှိတဲ့အရပ်သည်

မေ့ရဲ့ကမ္ဘာ မေ့ပျော်ရာပဲ

ခင်တွယ်စရာသူ့အပြုံး

မြင်တွေ့လိုက်ရရင်

လွမ်းနေသမျှတွေ လန်းလာရမယ်

အဆောင်အယောင်တွေ အလကား

ရွှေငွေတွေ အမှုမထား

ဒီကမ္ဘာမှာ အလှဆုံးအရာ

သစ္စာတရားသည် ကိုးစားရာ

အချစ်အတွက်စိတ်သည် အားဆေးပါ

အကြင်နာသည် မြတ်နိုးစရာ

Mehr von ချမ်းမြေ့မောင်ချို

Alle sehenlogo