menu-iconlogo
huatong
huatong
avatar

ရင်ဖွင့်ပြချင်တယ် JetMyaThaung

ဂျက်မြသောင်huatong
လေးစိုး_👉U_Soehuatong
Liedtext
Aufnahmen
ရင်ဖွင့်ပြချင်တယ်

ငါ့ရဲ့ကြမ်းတမ်း ရုပ်သွင်ပြင်နဲ့

အရေပြားအောက်မှာ

အလွန်သိမ်မွေ့ ကြည်လင်နုငယ်

နှလုံးသားငယ် တည်ရှိခဲ့

မင်းလေးမသိလို့ မုန်းချင်တာလား

အမှန်ကို မင်းသိအောင်

ဘယ်လို ဖော်ပြမလဲကွယ်

မနောအလှ အပေါ်ယံမတွေ့ရ

လူဆိုတာကွယ် ရင်းနှီးခွင့်ရမှ

တစ်ယောက်ရဲ့စိတ်တစ်ယောက် သိနိုင်တယ်

ငါဟာအရုပ်ဆိုးလည်းကွယ်

နှလုံးသားလှအောင်နေတတ်ခဲ့

လူဆိုတာ အမြင်မှာတစ်ချို့က လှ

အတ္တစိတ်က ကြမ်းတမ်းနေတယ်

အနာခံစရာတွေ့တော့မှလေ

တစ်ကိုယ်ကောင်းစိတ်ဓာတ်ပေါ်မယ်

ငါ့ရဲ့ကြမ်းတမ်း ရုပ်သွင်ပြင်နဲ့

အရေပြားအောက်မှာ

အလွန်သိမ်မွေ့ ကြည်လင်နုငယ်

နှလုံးသားငယ်တည်ရှိခဲ့

မင်းလေးမသိလို့မုန်းချင်တာလား

အမှန်ကိုမင်းသိအောင်

ဘယ်လို ဖော်ပြမလဲကွယ်

မနောအလှ အပေါ်ယံမတွေ့ရ

အပေါ်ယံချိုတာတွေ အများကြီးတွေ့တော့

ဆုံးဖြတ်ရခက်လို့နေမယ်

လူတွေကိုလေစိတ်ထားသိအောင်

အနီးကပ်လေ့လာကြည့်ဦးကွယ်

လူဆိုတာ အမြင်မှာခါးသီးလည်း

နှလုံးသားလေး ရိုးသားနိုင်တယ်

ဒါတွေကိုလေ မင်းသိအောင်

ငါရင်ဖွင့်ပြလိုက်ချင်တယ်

အပေါ်ယံချိုတာတွေ အများကြီးတွေ့တော့

ဆုံးဖြတ်ရခက်လို့နေမယ်

လူတွေကိုလေစိတ်ထားသိအောင်

အနီးကပ်လေ့လာကြည့်ဦးကွယ်

လူဆိုတာ အမြင်မှာခါးသီးလည်း

နှလုံးသားလေး ရိုးသားနိုင်တယ်

ဒါတွေကိုလေ မင်းသိအောင်

ငါရင်ဖွင့်ပြလိုက်ချင်တယ်

........

ကျေးဇူးတင်ပါတယ်(လေးစိုး)

Mehr von ဂျက်မြသောင်

Alle sehenlogo