menu-iconlogo
huatong
huatong
--cover-image

နွေအလွမ်း

စိုင်းဆိုင်မောဝ်huatong
richardspj1huatong
Liedtext
Aufnahmen
နွေအလွမ်း

စိုင်း ဆိုင်မောဝ်

စမ်းကလေးတွေ

ရေခန်းစေတဲ့ နွေ

ဩော် ပန်းကလေးတွေ

ကြွေနွမ်းစေသော နွေ

သည်အချိန်မှာ မောင်တစ်ယောက်

ပူဆွေးနေ

ဥဩ တွန်သံ ကြားရင်

ပိုကာလွမ်း လွမ်းရတယ်လေ

မောင့်စိတ်တွေ

လေလွင့်စေသော နွေ

ဩော် မောင့်အသည်းတွေ

ကြွေနွမ်းစေသော နွေ

သည်အချိန်မှာ

အဖော်မဲ့ ငှက်ကလေးတွေ

ဆိုတေး သံကို

ကြားရင် ပိုကာလွမ်း

လွမ်းရတယ်လေ

ချစ် နေသူများအဖို့

ဝေးကြပြီ ဆွေးကြပြီ

အခါနွေကျောင်း ပိတ်ရက်ကို

မလိုချင်ဘူး

ဝေးနေသူများအဖို့

ဆွေးရပြီ လွမ်းရပြီ

အခါနွေကျောင်း ပိတ်ရက်ကို

မလိုချင်ဘူးလေ

သစ်ရွက်တွေ မြေသို့

ကြွေကျနေ

ဩော် ပန်းကလေးတွေ

ကြွေနွမ်းစေသော နွေ

သည်အချိန်မှာ

အဖော်ကွဲသူအဖို့မှာ

ပူဆွေးစရာတွေ

တွေးလေ ပိုကာလွမ်း

လွမ်းရတယ်လေ

မောင့်စိတ်တွေ

ကြွေလွင့်စေသော နွေ

ဩော် မောင့်အသည်းတွေ

ကြွေနွမ်းစေသော နွေ

သည်အချိန်မှာ

အဖော်မဲ့ ငှက်ကလေးတွေ

ဆိုတေး သံကို

ကြားရင်ပိုကာလွမ်း

လွမ်းရတယ်လေ

ချစ်နေသူများအဖို့

ဝေးကြပြီ ဆွေးကြပြီ

အခါနွေကျောင်း ပိတ်ရက်ကို

မလိုချင်ဘူး

ဝေး နေသူများအဖို့

ဆွေးရပြီ လွမ်းရပြီ

အခါနွေကျောင်း ပိတ်ရက်ကို

မလိုချင်ဘူးလေ

သစ်ရွက်တွေ မြေသို့

ကြွေကျနေ

ဩော် ပန်းကလေးတွေ

ကြွေနွမ်းစေတဲ့ နွေ

သည်အချိန်မှာ

အဖော်ကွဲ သူအဖို့မှာ

ပူဆွေးစရာတွေ

တွေးလေ ပိုကာလွမ်း

လွမ်းရတယ်လေ

YONG KAUNG

Mehr von စိုင်းဆိုင်မောဝ်

Alle sehenlogo