menu-iconlogo
huatong
huatong
avatar

ချစ်နေတုန်းပဲ

စန္ဒီမြင့်လွင်huatong
LaYakeKhohuatong
Liedtext
Aufnahmen
ချစ်နေတုန်းပဲ

စန္ဒီမြင့်လွင်

ဘာကြောင့်မှန်းရယ် မသိ

နင့်အကြောင်းပဲ တွေးမိလို့

ဘာကြောင့်မှန်းရယ် မသိ

နင့်စကားများ ကြားယောင်လို့

နင်မချစ်တော့ဘူး ဆိုမှ

ငါပိုတိုးလို့ ချစ်နေသလို

အရာရာ ပြီးလို့သွားခါမှ

ငါပြန်စခွင့် ရချင်သလို

ခွဲခွာခြင်းကိုငါလေ

သတိမထားမိသေးခင်

နှုတ်ဆက်ခြင်းကို

ခံနိုင်ရည်အား မရှိသေးခင်

နင်ထားသွားခဲ့ပေမယ့်

ငါတစ်ခုတော့ ပြောချင်တယ်

ငါလေနင့်ကိုချစ်တုန်းပဲ

ရင်မှာဟိုးအရင်ကအတိုင်းပဲ

နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ

ကွက်လပ်ဖြစ်နေဆဲ

ဟိုအရင်က ငါချစ်ဖူးတဲ့

နင်သာ ပြောင်းလဲလို့သွားလည်း

ဟိုအရင်က နင်ချစ်ဖူးတဲ့

မိန်းကလေးငါ

ဟိုးတုန်းကလိုပဲ

မပြောင်းလဲ

ဟိုး… ဟာ.. ဟူး..

ငါ့အိပ်မက်တွေထဲ

နင့်အကြောင်းတွေ ခဏခဏမက်နေလို့

နင်ဘာဖြစ်လို့များပါလဲ

ငါအဝေးက စိတ်ပူလို့

မဆိုင်တော့မှန်း ငါသိနေလည်း

အို.. သူစိမ်းတော့ မဖြစ်ချင်လို့

တစ်ခါတစ်လေ လမ်းမှာတွေ့ရင်လည်း

နင်အမုန်းနဲ့ ကြည့်မှာစိုး

ငါ့စိတ်ထဲမှာ ဘယ်လိုမှ

မပြတ်သေးဘဲ

လူတွေပြောနေကြတယ်

ငါတကယ်အချစ်ရူးတဲ့

နင်သာနောက်တစ်ခေါက်

လှည့်လာခဲ့လည်း

ငါလေ..ခေါင်းငြိမ့်မိမှာပဲ

ငါလေနင့်ကိုချစ်တုန်းပဲ

ရင်မှာ ဟိုးအရင်ကအတိုင်းပဲ

နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ

ကွက်လပ်ဖြစ်နေဆဲ

ဟိုအရင်က ငါချစ်ဖူးတဲ့

နင်သာ ပြောင်းလဲလို့သွားလည်း

ဟိုအရင်က နင်ချစ်ဖူးတဲ့

မိန်းကလေးငါ

ဟိုးတုန်းကလိုပဲ မပြောင်းလဲ..

ဟိုး… ဟာ.. ဟူး..

ငါလေနင့်ကို ချစ်တုန်းပဲ

ရင်မှာ ဟိုးအရင်ကအတိုင်းပဲ

နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ

ကွက်လပ်ဖြစ်နေဆဲ

ဟိုအရင်က ငါချစ်ဖူးတဲ့

နင်သာ ပြောင်းလဲလို့သွားလည်း

ဟိုအရင်က နင်ချစ်ဖူးတဲ့

မိန်းကလေးငါ

ဟိုးတုန်းကလိုပဲ

မပြောင်းလဲ..

ဟိုး… ဟာ.. ဟူး..

Mehr von စန္ဒီမြင့်လွင်

Alle sehenlogo