menu-iconlogo
huatong
huatong
avatar

နွယ်နီ

ညီမင်းခိုင်huatong
murasak3huatong
Liedtext
Aufnahmen
သီချင်း - နွယ်နီ

တေးဆို - ညီမင်းခိုင်

ငယ်ရွယ်စဉ် ဆုံလာခဲ့ကြ

နာမည် ပညတ်ထားတာ နွယ်နီတဲ့လေ

ဟိုစဉ်ကျောင်းသားဘဝ ရင်ခုန်လှုပ်ရှားခဲ့တာ

မတည်ငြိမ်နိုင်သေးပါ ဒီချိန်တွေထိတောင်

ငါလေစွဲလန်းခဲ့တာ လိုချင်တယ် အချစ်ပါ

ရင်ခွင်မှာခုန်မင်ဖူးစအရွယ်

ပူလောင်တဲ့အချစ်ကို ငါခံစားမိ

ဝန်ခံဖွင့်ပြောဖို့ တကယ်ကို အားနည်းခဲ့တာ

အချိန်လွန် နောင်တတွေ

ရင်ခုန်သံများနဲ့ ပြန်ဆုံတွေရမယ့်နေ့

ငါလေမျှော်လင့်ရင်း....

သိပ်ချစ်တဲ့နွယ်နီရေ အဝေးမှာ

တစ်ဖက်သတ်ငါ ခံစားရ

မင်းကတော့သိမယ်မထင်ဘူး

အမြဲတမ်းစီးဝင်ကာနေခဲ့တယ်

မင်းအကြောင်းသာ ဒီအတွေးထဲ

မေ့ပျောက်လို့ မရနိုင်တော့ဘူး

နွယ်နီရေ....

ရင်ခွင်မှာ ပူလောင်ဆုံးမီး

အချစ်ကိုစသိလိုက်ချိန် နွယ်နီမင်းနဲ့

ငါလေမေ့မရခဲ့ အကြိမ်ကြိမ်ရူးသွပ်ခဲ့တာ

ဒီအချိန်တွေထိပါ ရှင်သန်နေတုန်းဘဲ

ဘယ်လို၀ဋ်ကြွေးများလဲ ငါကိုယ်တိုင်မသိခဲ့..

ရင်ခွင်မှာ ခုန်မင်ဖူးစအရွယ်

ပူလောင်တဲ့အချစ်ကို ငါခံစားမိ

ဝန်ခံဖွင့်ပြောဖို့ တကယ်ကို အားနည်းခဲ့တာ

အချိန်လွန်နောင်တတွေ

ရင်ခုန်သံများနဲ့ တစ်ခါပြန်တွေ့ရမယ့်နေ့

ငါလေမျှော်လင့်ရင်း...ဟိုး...

သိပ်ချစ်တဲ့နွယ်နီရေ အဝေးမှာ

တစ်ဖက်သတ်ငါ ခံစားရ

မင်းကတော့သိမယ်မထင်ဘူး

အမြဲတမ်းစီးဝင်ကာနေခဲ့တယ်

မင်းအကြောင်းသာ ဒီအတွေးထဲ

မေ့ပျောက်လို့ မရနိုင်ခဲ့ဘူး

သိပ်ချစ်တဲ့နွယ်နီရေ အဝေးမှာ

တစ်ဖက်သတ်ငါ ခံစားရ

မင်းကတော့သိမယ်မထင်ဘူး..ဟိုး...

အမြဲတမ်းစီးဝင်ကာနေခဲ့တယ်

မင်းအကြောင်းသာ ဒီအတွေးထဲ

မေ့ပျောက်လို့ မရနိုင်ခဲ့ဘူး...

နွယ်နီရေ....

Mehr von ညီမင်းခိုင်

Alle sehenlogo