menu-iconlogo
huatong
huatong
avatar

မင်္ဂလာဆုတောင်း

တင်တင်မြhuatong
ogre01huatong
Liedtext
Aufnahmen
️ မင်္ဂလာဆုတောင်း ️

•P HYLAM H•

️ • ️

သောင်း ဇမ္ဗူပေါ်

တောင်းဆုခြွေကာ ရည်မျှော်

စည်းစိမ် ဥစ္စာများ

ကြွယ်ဝ တိုးတက်စေသား

များ ဝေနေ ..

စပါးနဲ့ဆန်ရေ အထွေထွေ

ကောင်းမှု ကုသိုလ်များ

ထပ်မနားပြုဖို့ ငွေမရှား ..

စိန်ရွှေ ရတနာ

နှိုင်းကြည့်လဲ လွှမ်းကာ

အချိန်ကုဋေ ကုဋာ

အတိုင်းမသိပဲ ချမ်းသာ

စန်းပါ လာဘ်ပါ တက်ဆဲ

ပုလဲ မြ ဆပွား

ကျောက်သံပတ္တမြား ဆင့်ဆင့်ထား

လိုတိုင်းတ၍ ရစေသား ..

ဝေနေယျာ ဆွေသဟာခပင်းမှာ

ဘေးရန် ကင်းစင် ကွာ ...

ထိန်ဝေစွာ ဂေဟာအတွင်းမှာ

ကျက်သရေ လင်းစေ မကြာ ...

လန်းကြပါစေ ပန်းတွေသဏ္ဍာန် ပမာ

ချမ်းမြကာလေ စမ်းရေလျှံဖြာ

အေးအေးဆေးဆေး နတ်လူများ

ကိုယ်စိတ် နှစ်ပါး

ထူးထူးခြားခြား ရွှင်လန်း

ဘဝင်ဝမ်း အစဉ်ချမ်းသာ

အို ဣစ္ဆာသယ ပြည့်ဝကြနိုင်စေဖို့

ဓိဋ္ဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ ...။

️ မင်္ဂလာဆုတောင်း ️

အလင်္ကာကျော်စွာ ရွှေပြည်အေး

ဆို တင်တင်မြ

Lycs Crd •winbo29•

️ • ️

နောင်သံသရာ

ရည်စိတ် ကြံမှန်းဆလို့

ပြည်နိဗ္ဗာန် နန်းဝသို့

လှမ်းကြွ ရောက်စေငှာ ....

နောင်သံသရာ

ရည်စိတ် ကြံမှန်းဆလို့

ပြည်နိဗ္ဗာန် နန်းဝသို့

လှမ်းကြွ ရောက်စေငှာ ...

ဒီနေ့ ဟိုနေ့ တောင်မကြာ

ကြည်မွေ့ လိုသ၍ ဆောင်ကာ

ကောင်းကင်ခရီး ပျံတက်ဖို့မငြီး

မဂ္ဂင်ဖောင်ကြီး စီးသွား

စေတိုင်းတ၍ ရစေသား ...

ဝေနေယျာ ဆွေသဟာခပင်းမှာ

ဘေးရန် ကင်းစင် ကွာ ...

ထိန်ဝေစွာ ဂေဟာအတွင်းမှာ

ကျက်သရေ လင်းစေ မကြာ ...

လန်းကြပါစေ ပန်းတွေသဏ္ဍာန် ပမာ

ချမ်းမြကာလေ စမ်းရေလျှံဖြာ

အေးအေးဆေးဆေး နတ်လူများ

ကိုယ်စိတ် နှစ်ပါး

ထူးထူးခြားခြား ရွှင်လန်း

ဘဝင်ဝမ်း အစဉ်ချမ်းသာ

အို ဣစ္ဆာသယ ပြည့်ဝကြနိုင်စေဖို့

ဓိဋ္ဌာန်ပြီးမှ ဆုကြီးပန်ဆင် တာ ...

Mehr von တင်တင်မြ

Alle sehenlogo