menu-iconlogo
huatong
huatong
avatar

ကံ့ကော်မြို့တော်

တန်ခွန်ကျော်huatong
MarchFourhuatong
Liedtext
Aufnahmen
ကံ့ကော်မြို့တော်

တန်ခွန်ကျော်

Ready!

1

2

3

Go...

အချစ်ဆုံးရေ

ရီဝေမျက်ရည်ပွင့်များ

လေမှာမျောလွင့်စိတ်ထား

ရာဇဝင်အဓိပတိလမ်းမမှာ

တူစုံဝေးလို့ နွမ်းကာကြွေ

ပြန်လာမယ့်ရက်က မသိနိုင်ပါလေ

ပုဂံလမ်းမှာ

အတူတူလျှောက်မိလို့များ

ရင်ကိုသောကစေသလား

ဖြေပါဦးကွယ့် ကံ့ကော်ရယ်

ဒဏ်ရာဟောင်းက အလွမ်းစာတွေ

ရေပြင်အင်းလျားက သိပါတယ်လေ

ပင်ယံကံ့ကော်တွေ

ပွင့်ပြန်ပြီလေ

နေနိုင်ရက်သူရေ မွှေးပါစေ

ဂျပ်ဆင်ဘေးက

အတိတ်ပုံပြင်တွေ

ပြန်လည်ရေးသားဖို့

မျှော်နေတယ်လေ

ကံ့ကော်မြို့တော်ရေ

ကံ့ကော်မြို့တော်ရေ

ပျော်ရွှင်ခြင်း

ဝမ်းနည်းခြင်းတွေ

အတူတူတွဲလို့ ရှိတဲ့မြေ

ကံ့ကော်မြို့တော်ရေ

ကံ့ကော်မြို့တော်ရေ

နွေရက်တွေ

ရှောင်ဖယ်ပြေးဖို့ရာလည်း

မြေရယ်မရှိခဲ့လေတော့

ခံလိုက်ဦးပေါ့မိုက်သူရေ

ပင်ယံပန်းတို့လန်းရာမြေ

ပူပုံနွမ်းလို့ဖြင့် စိတ်မှာထင်နေ

ကံ့ကော်မြို့တော်ရေ

ကံ့ကော်မြို့တော်ရေ

ပျော်ရွှင်ခြင်း

ဝမ်းနည်းခြင်းတွေ

အတူတူတွဲလို့ ရှိတဲ့မြေ

ကံ့ကော်မြို့တော်ရေ

ကံ့ကော်မြို့တော်ရေ

ကံ့ကော်မြို့တော်ရေ

သြော် ကံ့ကော်မြို့တော်ရေ

*************

Thank You

Mehr von တန်ခွန်ကျော်

Alle sehenlogo

Das könnte dir gefallen