menu-iconlogo
huatong
huatong
avatar

ဂျပ်ဆင်ထိပ်ကလရိပ်ပြာ

ထူးအိမ်သင်huatong
solsberryhuatong
Liedtext
Aufnahmen
နေဝင်ပြီဆိုရင် ကိုယ်လေငိုချင်တယ်

ရင်မှာနာကျင်စွာ ဆွေးတယ်

အဆောင်မှာ မှောင်ရီဝိုးတဝါးနဲ့

နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်

နှလုံးသားက အစွဲအလန်းများလည်း

မီးလိုလောင် ကျွမ်းဆဲ လွမ်းမိတယ်...

ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ်

ရင်တွေခုန်စေတဲ့ သီချင်းရယ်

အမှောင်မှာ အသာယာနားစွင့်ခဲ့

သူဟာ ခင်တွယ်နေမှာပါ ပဲကွယ်

အရင်းနှီးဆုံး နှလုံးသားများနဲ့

နားလည်နေ ခဲ့လည်း အခုတော့ကွယ်...

ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်

အဆောင်သူလေးကို ဆွေ့မြေ့လို့ကြေကွဲ

သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ

အမှောင်ရိပ်ထဲမှာ တိတ်တဆိတ်

မျက်ရည်ဝဲ... ...

နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ

သူ ပြန်မလာနိုင်ပြီပဲ

ဘာကြောင့်လဲ ကိုယ်မသိ ခဲ့ပါ

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်...

ရင်ခုန်နေစဉ်မှာ မြင်ယောင်လာပြန်တယ်

ပြာရီမှုန်ဝေတဲ့ အတွေးရယ်

ကိုယ်သာ မပီပြင်နိုးတဝက်နဲ့

အဆောင်သူရယ်အိပ်မက် ပေးတယ်

မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ

လိပ်ပြာငယ်လေးဝဲ အိုး... အို...

နေဝင်ပြီဆိုရင် ကိုယ်လေငိုချင်တယ်

ရင်မှာနာကျင်စွာ ဆွေးတယ်

အဆောင်မှာ မှောင်ရီဝိုးတဝါးနဲ့

နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်

မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ

လိပ်ပြာငယ်လေးဝဲ အိုး... အို...

ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်

အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ

သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ

အမှောင်ရိပ်ထဲမှာ တိတ်တဆိတ်

မျက်ရည်ဝဲ... ... ...

နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ

သူ ပြန်မလာနိုင်ပြီပဲ

ဘာကြောင့်လဲ ကိုယ်မသိ ခဲ့ပါ

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်...

အိုး... ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်...

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်... ...

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်...

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်... ...

Mehr von ထူးအိမ်သင်

Alle sehenlogo