menu-iconlogo
huatong
huatong
avatar

မနက်ဖြန်ဆိုတာရှိတယ်

နန်ဒဧရာhuatong
princesslueherhuatong
Liedtext
Aufnahmen
သီချင်း - မနက်ဖြန်ဆိုတာရှိတယ်

တေးဆို - နန္ဒဧရာ

နေ၀န်းနီရဲ့ အလင်းရောင်

ထွန်းလင်းတောက်ပနေ

မနက်တိုင်းလူစည်ကားတဲ့

လက်ဖက်ရည်ဆိုင်လေးတွေ

အိပ်ရေးပျက်သောညတွေ

ဖြတ်သန်းမိတဲ့နောက်လေ

ကမ္ဘာကြီးလည်နေသေးတောင်

ကျိန်းသေတယ်အချစ်ရေ

မေရေ တို့ပေးခဲ့တဲ့

လက်ထပ်ဖို့ ကတိတွေ

တခါတခါ အိပ်မက်တစ်ခုလို

ဖြစ်နေပါပြီလေ

မေရေ ကျန်ရစ်ခဲ့တဲ့

မနေ့က အိပ်မက်တွေ

အဆင်မပြေနိုင်တဲ့ဘ၀တွေ

နားလည်ပါမေရေ နားလည်နိုင်ပါစေ

ရေမီးစုံတဲ့အခန်းတွေ

၂သောင်းခွဲ ၃သောင်းလေ

ကျွန်တော်တို့ တူနှစ်ကိုယ်တိုင်းပြည်

‌ဝေးကွာမှုန်ဝါးနေ

လက်ဖက်ရည်နဲ့ ကွမ်းယာ

ဆေးလိပ်ဖိုးလေးတွေ

စုဆောင်းချွေတာရင်းနဲ့

ပိုက်ဆံစုတုန်းလေ

မေရေ တို့ပေးခဲ့တဲ့

လက်ထပ်ဖို့ ကတိတွေ

တခါတခါ အိပ်မက်တစ်ခုလို

ဖြစ်နေပါပြီလေ

မေရေ ကျန်ရစ်ခဲ့တဲ့

မနေ့က အိပ်မက်တွေ

အဆင်မပြေနိုင်တဲ့ဘ၀တွေ

နားလည်ပါမေရေ နားလည်နိုင်ပါစေ

လူဖြစ်လာခဲ့မိတာ

မှားများမှားသလားလေ

ခိုလေးတစ်ကောင်လိုညည်းကာ

ဘဝကိုဖြတ်သန်းနေ

လေထဲလွင့်ဝဲလိုက်တဲ့

အပေါင်ဆုံးလက်မှတ်ကလေးတွေ

အိပ်မက်ချိုချိုလေးတွေ

ခါးနေပြီအချစ်ရေ

မေရေ တို့ပေးခဲ့တဲ့

လက်ထပ်ဖို့ ကတိတွေ

တခါတခါ အိပ်မက်တစ်ခုလို

ဖြစ်နေပါပြီလေ

မေရေ ကျန်ရစ်ခဲ့တဲ့

မနေ့က အိပ်မက်တွေ

အဆင်မပြေနိုင်တဲ့ဘ၀တွေ

နားလည်ပါမေရေ နားလည်နိုင်ပါစေ

လူစီးဘတ်စ်ကားကြီးတွေ

ပြည့်သိပ်ကြပ်ညပ်နေ

သတင်းစာတစ်စောင်ထဲမှာ

အလုပ်ခေါ်ပြန်သတဲ့လေ

မနက်တိုင်းမျှော်လင့်ချက်နဲ့

ထွက်ခဲ့တဲ့နေ့တွေ

ညတိုင်းမရေရာခြင်းနဲ့

အိပ်ယာ၀င်ရင်းလေ

မေရေ တို့ပေးခဲ့တဲ့

လက်ထပ်ဖို့ ကတိတွေ

တခါတခါ အိပ်မက်တစ်ခုလို

ဖြစ်နေပါပြီလေ

မေရေ ကျန်ရစ်ခဲ့တဲ့

မနေ့က အိပ်မက်တွေ

အဆင်မပြေနိုင်တဲ့ဘ၀တွေ

နားလည်ပါမေရေ နားလည်နိုင်ပါစေ

လှော်ရင်းနစ်သွားမလားလေ

တို့နှစ်ယောက်ရဲ့အချစ်လှေ

ရေစီးလေဆန်ကြားမှာ

အားသွန် နေဆဲလေ

ဒီနေ့တော့လည်း တို့တစ်တွေ

ကံမကောင်းသေးဘူးပေါ့ လေ

မနက်ဖြန်ရှိသေးတယ်

အားမငယ်ပါနဲ့လေ

မေရေ တို့ပေးခဲ့တဲ့

လက်ထပ်ဖို့ ကတိတွေ

တခါတခါ အိပ်မက်တစ်ခုလို

ဖြစ်နေပါပြီလေ

မေရေ ကျန်ရစ်ခဲ့တဲ့

မနေ့က အိပ်မက်တွေ

အဆင်မပြေနိုင်တဲ့ဘ၀တွေ

နားလည်ပါမေရေ နားလည်နိုင်ပါစေ

Mehr von နန္ဒဧရာ

Alle sehenlogo