menu-iconlogo
huatong
huatong
avatar

အင်းလေးမှာရွာတဲ့မိုး

နီနီခင်ဇော်huatong
rvbjjclthuatong
Liedtext
Aufnahmen
တောင်တွေကာရံထားတဲ့

အလယ်မှာ အင်းလေးရေပြင်ပြာ

လှေငယ်လေးတစ်စင်း တစ်ရွေ့ရွေ့လွန်လူးလာ

ထိုစဉ်မိုးကောင်းကင်မှာ

မှောင်ရီမဲနက် အရိပ်ခြယ်ကာ

လှေရှင်လေး တစ်ယောက်ထဲ

အလွမ်းတေးငြီးလို့သာ

ကမ်းစပ်ကို သူလှော်ခတ်လာ

ထိုစဉ် မိုးတွေမဲမှောင်ရီကာ

သည်းသည်းရွာပြီတစ်ခါ

လှေငယ်လေးတော့ ကမ်းစပ်ရဲ့အဝေးမှာ

ရေပြင်လှိုင်းများ ခက်ထန်ကာ

မမြင်နိုင်စွမ်းတဲ့ ကမ်းခြေအလာ

လှေရှင်လေး တစ်ယောက်တည်း

အချစ်နဲ့ကင်းဝေးရှာ

မိုးမင်းရယ် ညှာတာလိုက်ပါ

အင်းလေးမှာ

ရွာတဲ့မိုးရယ်

အင်းလေးမှာ

ရွာတဲ့မိုးရယ်

တိတ်လှည့်ပါ

တိတ်လှည့်ပါ

အလွမ်းအထီးကျန်

အဖော်မဲ့သူ့ကမ္ဘာ

တွေးမိလာ

အကယ်၍များသာ

လှေဉီးထိပ်မှာ

ကြင်နာသူလေး

ပါလာခဲ့ရင်

သူဒီလောက်အားငယ်မယ် မထင်ပါ

ကြင်နာမယ့်သူ မရှိနိုင်ခင်မှာ

သူ့အတွက် အဖော်မွန်ဟာ

ရေပြင်ထက်က မိုးစက်မှုန်များသာ

ပြာရီမှိုင်းတဲ့ ကောင်းကင်မှာ

လှေရှင်လေးအတွက် မိုးတွေရွာ

ညှာတာပါ မိုးရယ်

အလွမ်းများနဲ့ သူ့ဘဝမှာ

မိုးပဲသူ အချစ်ဆုံးပါ

အင်းလေးမှာ

ရွာတဲ့မိုးရယ်

အင်းလေးမှာ

ရွာတဲ့မိုးရယ်

တိတ်လှည့်ပါ

တိတ်လှည့်ပါ

အလွမ်းအထီးကျန်

အဖော်မဲ့သူ့ကမ္ဘာ

တွေးမိလာ

အကယ်၍များသာ

လှေဉီးထိပ်မှာ

ကြင်နာသူလေး

ပါလာခဲ့ရင်

သူဒီလောက်အားငယ်မယ် မထင်ပါ

ရေပြင်ထက်မှာ အထီးကျန်တစ်ကိုယ်ရေ

လွမ်းလို့မဖြေနိုင်တာ

လှေရှင်လေးရဲ့ အားမလျှော့ပါနဲ့ကွာ

မိုးကိုလည်း မချစ်စေချင်ပါ

အားမငယ်ပဲ ဆက်ကာလှော်ပါ

လှေငယ်လေးထက်မှာ

တနေ့နေ့တော့ ဘဝရဲ့အဖော်

အားပေးမယ့်သူ ပေါ်လာလိမ့်မှာ

Mehr von နီနီခင်ဇော်

Alle sehenlogo