menu-iconlogo
huatong
huatong
avatar

အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း

နီနီခင်ဇော် Ni Ni Khin Zawhuatong
smith8232huatong
Liedtext
Aufnahmen
အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း

(Female Key)

တေးရေး စိုင်းခမ်းလိတ်

တေးဆို နီနီခင်ဇော်

နေမင်းရဲ့အလင်းရောင်ခြည်လဲ

မနေ့ကနဲ့မတူ မနေ့ကလိုမပူတော့ပြီ

အားသစ် အင်သစ်တွေ

ဆောင်ကြဥ်းပေးခဲ့လို့ ငါသည်

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ..

ငှက်ကျေးရဲ့သီချင်းသံတွေလဲ

မနေ့ကနဲ့မတူ မနေ့ကလိုမဆူတော့ပြီ

အတွေးသစ် အမြင်သစ်တွေ

ဆောင်ကြဥ်းပေးခဲ့လို့ ငါသည်

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ..

မျှော်လင့်ခြင်းတွေ ရင်မှာ

ပြန်ရှင်သန်လာ

မာန်မာနတွေ ရင်မှာ

ပြန်ခိုင်မာလာ ..

ဒီဘဝကို အရှုံးမပေးတော့ဘူးလို့ ..

ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းလဲ

မနေ့ကနဲ့ကွာ မနေ့ကလိုမနာတော့ပြီ

သူ့မျက်နှာခဏမြင်လိုက်ကတဲကစပြီး ငါသည်

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ..

Instrumental Solo

မျှော်လင့်ခြင်းတွေ ရင်မှာ

ပြန်ရှင်သန်လာ

မာန်မာနတွေ ရင်မှာ

ပြန်ခိုင်မာလာ ..

ဒီဘဝကို အရှုံးမပေးတော့ဘူးလို့ ..

ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းလဲ

မနေ့ကနဲ့ကွာ မနေ့ကလိုမနာတော့ပြီ

သူ့မျက်နှာခဏမြင်လိုက်ကတဲကစပြီး ငါသည်

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ..

သူ့မျက်နှာခဏမြင်လိုက်ကတဲကစပြီး ငါသည်

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ

Mehr von နီနီခင်ဇော် Ni Ni Khin Zaw

Alle sehenlogo