menu-iconlogo
huatong
huatong
avatar

လွမ်းလှပေါ့အမေ

ပိုင်ဆက်huatong
nonyr11huatong
Liedtext
Aufnahmen
လွမ်းလှပေါ့အမေ

တေးဆို ပိုင်ဆက်

သြော် အမေရယ် ...

သားသမီးတွေ စိတ်ချမ်းမြေ့စွာ

ပျော်ရွှင်တာမြင်ရတဲ့အခါ

အမေ့မျက်နှာငွေလမင်းလို

ဝင်းပလို့စိတ်ဝယ်ချမ်းသာ.

သားကပြောမရ သမီးကဆိုမရ

ငိုရတာလဲများခဲ့ပြီ အမေ့မျက်ရည်ကျလေတိုင်း

အမေငိုရလေတိုင်း..

ရင်ထဲကအတိုင်းမသိ

သားမချိပါဘူးအမေ

ခွင့်လွှတ်ပါအမေ သားကန်တော့လို့

တောင်းပန်ပါတယ်အမေ.

အမေ့မျက်ရည်တစ်စက် သားသမီးတွေတစ်သက်လို့

ဒုက္ခနဲ့ဆုံကြုံဖူးသူတိုင်း

ပြောကြပါတယ်အမေ

ဆင်းရဲတော့ဂရုဏာ

ချမ်းသာတော့ပီတိဖြာ

အေးလည်းအေးတဲ့အမေ

နွေးလည်းနွေးတဲ့အမေ

မွှေးလည်းမွှေးတဲ့အမေပါ .....

ရေမရှိတဲ့ငါးနှယ် အမေမရှိတဲ့သားငယ်

လွမ်းလှပါပေါ့အမေရယ်.....

အမေ့ရဲ့သစ်ပင်အို နွယ်ပင်လို

တွယ်ငင်ကာ ထိန်တောက်လို့

ရောက်ခဲ့ပေါ့ခုချိန်

မေတ္တာစေတနာ ဂရုဏာ အကြင်နာ

သမုဒယတယုတယတွေနဲ့

တည်ဆောက်ခဲ့တဲ့အမေ့အိမ်လေး

မမှေးမှိန်သေးခင်

မဟောင်းခင်မနှောင်းခင်

မေတ္တာရှင်အမေ့ကိုသာပင်

သားကန်တော့လိုက်ရပါတယ်အစဉ်...

သြော် အမေရယ် ...

သားသမီးတွေ စိတ်ချမ်းမြေ့စွာ

ပျော်ရွှင်တာမြင်ရတဲ့အခါ

အမေ့မျက်နှာငွေလမင်းလို

ဝင်းပလို့စိတ်ဝယ်ချမ်းသာ

သားကပြောမရ သမီးကဆိုမရ

ငိုရတာလဲများခဲ့ပြီ အမေ့မျက်ရည်ကျလေတိုင်း

အမေငိုရလေတိုင်း..

ရင်ထဲကအတိုင်းမသိ

သားမချိပါဘူးအမေ

ခွင့်လွှတ်ပါအမေ သားကန်တော့လို့

တောင်းပန်ပါတယ်အမေ...

အမေ့မျက်ရည်တစ်စက် သားသမီးတွေတစ်သက်လို့

ဒုက္ခနဲ့ဆုံကြုံဖူးသူတိုင်း

ပြောကြပါတယ်အမေ....

ဆင်းရဲတော့ ဂရုဏာ

ချမ်းသာတော့ပီတိဖြာ

အေးလည်းအေးတဲ့အမေ

နွေးလည်းနွေးတဲ့အမေ

မွှေးလည်းမွှေးတဲ့အမေပါ ...

ရေမရှိတဲ့ငါးနှယ် အမေမရှိတဲ့သားငယ်

လွမ်းလှပါပေါ့အမေရယ်

အမေ့ရဲ့သစ်ပင်အို နွယ်ပင်လို

တွယ်ငင်ကာ ထိန်တောက်လို့

ရောက်ခဲ့ပေါ့ခုချိန် မေတ္တာစေတနာ

ကရုဏာ အကြင်နာ

သမုဒယတယုတယတွေနဲ့

တည်ဆောက်ခဲ့တဲ့အမေ့အိမ်လေး

မမှေးမှိန်သေးခင်

မဟောင်းခင်မနှောင်းခင်

မေတ္တာရှင်အမေ့ကိုသာပင်

သားကန်တော့လိုက်ရပါတယ်အစဉ်

Mehr von ပိုင်ဆက်

Alle sehenlogo