menu-iconlogo
huatong
huatong
avatar

သုံးရာသီအလွမ်း(Duet)

ဖြူသီhuatong
ကိုကိုဆိုးပေhuatong
Liedtext
Aufnahmen
"သုံးရာသီအလွမ်း" (Duet)

တေးရေး> ကိုသက်

တေးဆို> ဖြူသီ

Boy > B , Girl > G

Ready…!

3️⃣

2️⃣

1️⃣

Go

B> လွမ်းငွေ့ဝေဝေ

ချစ်သူခင်သူတစ်ဦးက

ရုပ်သွင်မူယာ ကျော့ရှင်းနေ

ရှင်းသန့်လို့ စိုပြေ

တွေ့သူမြင်သူကိုယ့်ကို ညို့ဆွဲယူနေ..

G> လွမ်းငွေ့ဝေဝေ

ချစ်သူခင်သူတစ်ဦးက

ရုပ်သွင်မူယာ ခန့်ညားနေ

ရှင်းသန့်လို့ စိုပြေ

တွေ့သူမြင်သူမေ့ကို ညို့ဆွဲယူနေ..

B> စိမ်းသူရေ

တဒင်္ဂဆုံတွေ့စဉ်မှာလေ

မရေရာချစ်အပြုံးလေးနဲ့

သူနှစ်သိမ့်ခဲ့ပေ..

G> လွမ်းသူမှာ

မြေခစံပယ်လေးတွေလိုပင်

မတည်ငြိမ် အသည်းပြင်နုနု

ကြွေလုလုပါရှင်..

B> ညို့မျက်လုံးလေးများရယ်

ကိုယ့်အသည်းနှလုံးကို

ပြုစားရက်တယ်

နွေလယ်ယံ အတွေးကလေးတွေ

အိပ်မက်လိုကွယ်..

G> သမုဒယပိုးကြိုးလေးတွေ

ဖြေထုံးပျက်ပြီသက်လှယ်

မိုးတိမ်ကောင်းကင်ထက်မှာ

အရုပ် ရေးသူရယ်...

><><><><><><><

(မူရင်းတေးရေး+တေးဆို+

တီးခတ်သူ+စီစဉ်သူ+

ထုတ်ဝေသူအားလုံးကို

လေးစားကျေးဇူးတင်လျက်)

-ကိုကိုဆိုးပေ-

Ready…!

3️⃣

2️⃣

1️⃣

Go

G> ညို့မျက်လုံးလေးများရယ်

ကျွန်မအသည်းနှလုံးကို

ပြုစားရက်တယ်

နွေလယ်ယံ အတွေးကလေးတွေ

အိပ်မက်လိုကွယ်..

B> သမုဒယပိုးကြိုးလေးတွေ

ဖြေထုံးပျက်ပြီ သက်လှယ်

မိုးတိမ်ကောင်းကင်ထက်မှာ

အရုပ် ရေးသူရယ်

B> ဝဿန်ခါ အချိန်မှာ

တိမ်မိုးတွေဆင်

မှောင်နဲ့မည်း မိုးစက်လေးတို့

လှောင်ရယ်ကြပြီ

G> ဝဿန်ခါ အချိန်မှာ

မြူခိုးတွေဆင်

မျှော်သူပန်း နွမ်းခဲ့ရတဲ့

စံပယ်ရုံနံဘေးမှာ

ရွှေမိုးလေးတွေ သွန်းဖြိုးတဲ့အခါ

မောင့်ဆီမှာသာ အချစ်စိတ်ဝေ

B>နေရီရီ မှောင်ရီညချမ်း

ဆောင်းလေပြေ(ပြည်)

ကိုယ့်ချစ်တဲ့သူများ လာမလား

စောင့်စားကာနေ..

G>ဒီအချိန်မှာ လေချွန်သံလေး

ကြားရင်လေ

ပျို့ချစ်တဲ့သူများ ဖြစ်မလား

မျှော်ရင်းတဝေဝေ..

သြော်အတွေးစိတ်ကပွေ

ဆွေးရိပ်ကမပြေ

လွမ်းနေသူမှာ နေ့စဉ်ပါပဲ

ဖိုးလနတ်သားကြုံရင် ပြောပေးလေ။

><><><><><><><

"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"

-ကိုကိုဆိုးပေ-

(သီချင်းတင်‌ပေးသူစီနီယာများကို လေးစားလျက်)

Mehr von ဖြူသီ

Alle sehenlogo