မြန်မာသံစဉ်ချစ်သူများအဖွဲ့  မှ
သီချင်းစာသား ရေးသား
ပေးပို့ ပါသည်..
တူနှစ်ဖြာ ….ရွှေဂဟေ… ဆက်ဖို့
သွေမပျက်တဲ့ … မေတ္တာ …
ရေစက်ရဲ့ … ရှေးအလာ..
မနှေးအခါခါ.. ချင့်တွေး …
ဖြစ်ရေးခု… သမုဒယနွယ်လာ
သြော် ဖြစ်ရေးခု…သမုဒယနွယ်လာ..
အခုဘ၀တကယ် ဘယ်မမုန်းတော့လေး..
လေးးး ….. လေးး ...
ရှေးရေစက် အကြောင်းဖက်ဖန်လာ..
ရွှေပဒေသာ ငွေပဒေသာ
ဝေေ၀ဆာဆာ စွေရွာဖြိုး
ရတနာမိုးသွန်းတဲ့
ရက်မြတ်မင်္ဂလာအခါ..
ဇေယျတု.. သဗ္ဗမင်္ဂလာ
အောင်စေအတိတ်နဲ့ကြွေးကြော်ညံစာ
သပြေနုမှာ ငွေခရုပါ
မသွေ..ယခုပြုကြတဲ့ မင်္ဂလာအခါ
အောင်စေကြောင်း…
ဆုတောင်သွန်းပတ္ထနာ...
တန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ
န၀ရတ် ကျောက်မျက်ပုလဲနဲ့
စီခြယ်သွန်းသည့်အခါ
မင်္ဂလာခညောင်း
အပေါင်းကျက်သရေပြည့်စုံလာ
မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ
နေနဲ့လ ရွှေနဲ့မြပုံပမာ...
အခါတော်… ပေး …တာက
နတ်ရေးငယ်…ရွှေစာ
သာသနာရောင်လင်း
ကောင်းခြင်း …ခု သည်ချိန်..ခါ ...
မင်္ဂလာ အခါတေးနဲ့
ဟစ်ကြွေး … ဟစ်ကြွေးသံစာ
နတ်ရေးတဲ့ ရွှေနဖူးစာ...
မင်္ဂလာ အခါတေးနဲ့
ဟစ်ကြွေး … ဟစ်ကြွေးသံစာ
နတ်ရေးတဲ့ ရွှေနဖူးစာ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့
မုန်းပါနိုင် မောင်နဲ့သာ …
ရွှေကျမ်းသစ္စာ မသွေတမ်းချစ်မှာ
ပစ်မခွါ အနှစ်တစ်ရာ ရှစ်ကမ္ဘာမကပါ
ရွှေကျမ်းသစ္စာ မသွေတမ်းချစ်မှာ
ပစ်မခွါ အနှစ်တစ်ရာ ရှစ်ကမ္ဘာမကပါ
မေတ္တာမျှလာ တူနှစ်ဖြာ
အကြောင်းရေစက် ပေါင်းဖက်ဖို့ဖန်လာ
တန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ
န၀ရတ် ကျောက်မျက်ပုလဲနဲ့
စီခြယ်သွန်းသည့်အခါ
မင်္ဂလာခညောင်း
အပေါင်းကျက်သရေပြည့်စုံလာ
မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ
နေ..နဲ့ ..လ ရွှေ နဲ့မြ.. ပုံပမာ...
ကျေးဇူးတင်ပါတယ်ခင်ဗျာ