သမုဒယ၀ါဆိုမိုး
ရေး မင်းဂျွန်စိုး
ဆို ဗညားဟန်
မွန်တို့ဌာနီ ရာမညတိုင်းဆီ
လှမ်းခဲ့ပါ နှလုံးသားဧည့်သည် …
ရင်နှင့်အမျှသက်ဆုံးထိအောင် ချစ်ရသူ …
ဒီဝါဆိုမိုးနဲ့လှမ်းလာခဲ့ပါ …
သူဘယ်မှာလဲ သမုဒယလ၀ါဆို
တိမ်များရဲ့ဟိုမိုးကောင်းကင်ကျွန်းစုမှာ …
ရင်ခုန်သံစည်းချက်မျက်ရည်မိုးရယ်
ရွာပါတော့သမုဒယလ၀ါဆို …
ရင်ကိုခြွေမနာသည့်အသည်းကို
ပန်းတစ်ပွင့်နှယ်ပေးခဲ့ဖူးတယ်
ဆံတော်ရှင်စေတီဦးမှာ
နှလုံးသားသစ္စာပြုခဲ့ပါရစေ
အိပ်မက်ဆန်တဲ့ချစ်သူရေ …
ထာဝရနှလုံးသားဧည့်သည်ရေ …
သံယောဇဉ်ကိုယုံကြည်သက်ဝင်
အစွန်းရောက်အောင်ချစ်ခဲ့မိတယ် …
ရင်မှဖြစ်မတည်သောအချစ်ဟာ မိုးလို
လေနှင်ရာမျောလွင့်လို့နေဆဲပါ …
ဝါဆိုဦးပန်းတို့ ပွင့်ချိန်တန် …
မညီမျှတဲ့ချစ်ခြင်းတရားရယ်
နှလုံးသားမှာ လွန်လေပြီအတိတ်က
နှောင်းလွန်မိုးရယ် …
သံစဉ်တစ်ခု သီချင်းတစ်ပုဒ်ဖြစ်စေသား …
တိမ်ပြိုအောင်ရွာတဲ့မိုးနှယ်
တေးသွားသက်သေ
အဆွေးသမားမျက်ရည် …
ရေပြင်ပြာသံစဉ်လှိုင်းလို
စစ်တောင်းမြစ်ထဲကိုစီးဆင်းသွားပြီ
ရာမညမြေကလွမ်းပုံပြင် …
ဝါဆိုသမုဒယ မိုးရာသီ …
သံယောဇဉ်ကိုယုံကြည်သက်ဝင်
အစွန်းရောက်အောင်ချစ်ခဲ့မိတယ် …
ရင်မှဖြစ်မတည်သောအချစ်ဟာ မိုးလို
လေနှင်ရာမျောလွင့်လို့နေဆဲပါ …
ဝါဆိုဦးပန်းတို့ ပွင့်ချိန်တန် …
မညီမျှတဲ့ချစ်ခြင်းတရားရယ်
နှလုံးသားမှာ လွန်လေပြီအတိတ်က
နှောင်းလွန်မိုးရယ် …
သံစဉ်တစ်ခု သီချင်းတစ်ပုဒ်ဖြစ်စေသား …
တိမ်ပြိုအောင်ရွာတဲ့မိုးနှယ်
တေးသွားသက်သေ
အဆွေးသမားမျက်ရည် …
ရေပြင်ပြာသံစဉ်လှိုင်းလို
စစ်တောင်းမြစ်ထဲကိုစီးဆင်းသွားပြီ
ရာမညမြေကလွမ်းပုံပြင် …
ဝါဆိုသမုဒယ မိုးရာသီ …
Thanks