menu-iconlogo
huatong
huatong
-nay-yar-2-cover-image

နေရာ ၂ Nay Yar 2

ဗဒင်huatong
pixie6_10_98huatong
Liedtext
Aufnahmen
ရောက်လာချိန်မှာတော့

အဆင်သင့်ဖြစ်အောင်

အမြဲတမ်းလည်း​ရှင်းလင်းထားပါတယ်

ဝေးနေပါသော်လည်း

မျှော်လင့်ဆဲပါ

ပြက္ခဒိန်စာရွက်များ

တစ်ရွက်စီလွန်ပေမယ့်

မင်းအတွက်ရင်မှာ တစ်နေရာစာ

ကိုယ်ဦးထားတယ် အိုး အချစ်ရယ်

အလွမ်းတွေမြုံနေတဲ့ စိတ်ကူးများ

ညညကျ အိပ်မက်ဖြစ်လာတော့

လှိုက်​ဖိုရင်ခုန်ခြင်း မနက်ခင်းတိုင်း

အနမ်းတွေ ဝေဆာတဲ့

အတိတ်မှာ နေထိုင်ရင်း

မင်းအတွက်ရင်မှာ တစ်နေရာစာ

ကိုယ်​သိမ်း​ထားတယ် အိုး အချစ်ရယ်

နေမယ်မနေဘူးကတော့

မင်းရဲ့သဘောပါ

သေချာတဲ့နေရာက ရှိခဲ့ပြီ

မရေရာတဲ့ အကြောင်းတရားတို့

ဖိစီးသည့်တိုင်

သေချာတဲ့​သည်နေ့ထိထက်တိုင်

ဖန်တီးလို့မရတဲ့နေရာကို

ဖျက်ဆီးလို့မရတဲ့နေရာကို

သိမ်းထားခဲ့တာကြာပါပြီ

ဦးထားခဲ့တာကြာပါပြီ

စောင့်စားခဲ့တဲ့ အချိန်တွေကလည်း

သိပ်ကြာပြီ

.........

အချစ်ဆိုတာ​ဟာ​လည်းခက်သားလားကွယ်

ရှင်းပြတိုင်း မရတဲ့ပုစ္ဆာလို

ဝေးနေပါသော်လည်း မရဘူးလို့ထင်

လွမ်းနေပေမဲ့လည်း မေ့ပြီထင်သူရယ်

မင်းအတွက်ရင်မှာ

တစ်နေရာစာ​ချန်ထားဆဲပါ

အိုး အချစ်ရယ်

နေမယ်မနေဘူးကတော့

မင်းရဲ့သဘောပါ

သေချာတဲ့နေရာက ရှိခဲ့ပြီ

မရေရာတဲ့ အကြောင်းတရားတို့

ဖိစီးသည့်တိုင်

သေချာတဲ့​သည်နေ့ထိထက်တိုင်

ဖန်တီးလို့မရတဲ့နေရာကို

ဖျက်ဆီးလို့မရတဲ့နေရာကို

သိမ်းထားခဲ့တာကြာပါပြီ

ဦးထားခဲ့တာကြာပါပြီ

စောင့်စားခဲ့တဲ့ အချိန်တွေကလည်း

သိပ်ကြာပြီ

Thank you

........

Mehr von ဗဒင်

Alle sehenlogo