menu-iconlogo
huatong
huatong
--cover-image

ငါ့ရဲ့မနက်ဖြန်

ဗျူဟာhuatong
🇨🇳ဝေမှိုင်းညို🎸🇨🇳huatong
Liedtext
Aufnahmen
ငါ့ရဲ့မနက်ဖြန်

ဗျူဟာ

ပေပေတေတေနေပစ်ခဲ့သမျှ

အားလုံးပဲ ခုတော့ခ၀ါချ

အကောင်းဆုံး

လမ်းရွေးရှောက်မယ်

ငါ့ခြေထောက်တွေ

အင်အားတွေစုစည်းထား..

လူငယ် လူရွယ်လေးတယောက်က

အမှားများနဲ့ ကင်းလွတ်နိုင်မလား

ဦးနှောက်မဲ့ ရုးသွပ်ခဲ့တဲ့အပြစ်တွေ

အခုချိန် နောက်တရ

မိသားစုက ဒုက္ခတွေများ

ငါမသိတတ်ခဲ့အမှားတွေကြား

လူမိုက်တယောက်အဖြစ်ရပ်တည်

ငါမှားခဲ့လဲအမှတ်မရှိ

ကောင်းတဲ့အချက်နိထ္တိပါလား..

ပျက်စီးခဲ့တဲ့ ငါရဲ့အကျင့်တရား

မူးယစ်ဆေးများကြားေ၀၀ါး

ငါသတိလက်လွတ်ခဲ့တာတွေ

အသိစိတ်ပျောက်ခဲ့တာတွေ

ဆိုးမိုက်ခဲ့တဲ့ အပြစ်တွေအား

လူဆိုတာမှားတဲ့ အမျိုးပဲ..

ဆင်ကျင်တွေ ပေးခဲ့ရင်း..

လုပ်ခဲ့တဲ့ အမှားတိုင်းကိုဖုံးကွယ်

မာန်မာနတရားရယ်..

ငါ့အတ္တတွေကို ငါခွာချ ရန်ငြို့း ရန်စ

အမုန်းတရားနဲ့ အာဂါဒ

မကောင်းတဲ့ အကျင့်စရိုက်တွေ

စွန့်လွှတ်လို့ ဘ၀ကိုအသစ်ကပြန်စ..

ငါ့ရဲ့မနက်ဖြန် တောက်ပလာစေမှာ

အခုကစ မကောင်းတဲ့အကျင့်တွေ

မကောင်းတဲ့စရိုက်တွေ

စွန့်လွှတ်လိုက်ပီဟေ့

ငါ့ရဲ့မနက်ဖြန်

တောက်ပလာစေမှာ

အားလုံးအတွက်

တောင်းဆုပေးသူ

တယောက်အဖြစ်ရပ်တည်

တန်ဖိုးရှိတဲ့လူ

သားတယောက်ဖြစ်စေမယ်

ရိုးသားရမယ်ဖြောင့်မတ်ရမယ်

ကိုယ်ကျင့်တရား

စိတ်ထားမွန်မြတ်ရမယ်

ကတိက၀တ်တို့

အသက် ကဲ့သို့မြဲမယ်

ရှင်သန်နေထိုင်ချိန် ဒီကမ္ဘာထဲ..

အပြောနဲ့အလုပ် ထပ်တူညီနိုင်ဖို့

လူကောင်းသူကောင်း

တယောက်ရဲ့စံချိန် မှီနိုင်ဖို့

လောဘ ဒေါသ

မောဟတွေကင်းဖို့

ဆင်ခြေတုံတရားရှိဖို့

ဒီလောကကြီးက

ပေးလိုက်တဲ့သင်ခန်းစာ

အပူအပင်တွေ

ဒုက္ခတွေ ဆင်မြန်းလာ

မကောင်းတဲ့ ဒုစရိုက်

အကျင့်တွေပြင်စမ်းပါ

ရိုးရိုးသားသား

ကြိုးစားရင် ပင်ပန်းမှာ

ငါလဲကျရင်ပြန်ထမယ်

လူလောက

ဒုက္ခတွေရဲ့ကြားထဲ

အမှားအားလုံးထဲက

အမှန်တရားရယ်

ဘ၀ကိုအသစ်ကနေပြန်စမယ်

ငါ့ရဲ့မနက်ဖြန်

တောက်ပလာစေမှာ

အခုကစ

မကောင်းတဲ့အကျင့်တွေ

မကောင်းတဲ့စရိုက်တွေ

စွန့်လွှတ်လိုက်ပီဟေ့

ငါ့ရဲ့မနက်ဖြန်

တောက်ပလာစေမှာ

အားလုံးအတွက်

တောင်းဆုပေးသူ

တယောက်အဖြစ်ရပ်တည်

တန်ဖိုးရှိတဲ့လူ

သားတယောက်ဖြစ်စေမယ်

Rap

ရက်(စ်)..

အနာဂါတ်တွေဆေးခြယ်

မကောင်းတဲ့ဒုစရိုက်အကျင့်တွေ

အားလုံးဘေးဖယ်

ကိုယ့်လမ်းကိုယ်ရွေးချယ်

ကိုယ့်သမိုင်းကိုယ်ရေးမယ်

ဒီလောကကြီးအား

ကောင်းခြင်းတွေ

ယူဆောင်လာပေးမယ်

လူတယောက်

အသစ်တဖန်မွေးဖွားသလို

ဆိုးခဲ့ မိုက်ခဲ့

မကောင်းတဲ့သွေးများကို

မောင်းထုတ်ရင်း

အပြစ်တွေအားလုံးဆေးချဖို့

ဆုံးဖြတ် ရှင်သန်ချိန်လေးများကို

ဒီ သန်သံရာစက်ဝိုင်းထဲက

မထွက်သေးတရွေ့

သမာအာစီဝ ကျကျနဲ့

အသက်မွေး

လောကဓံတွေကြား

ကိုယ်ကျင့်တရားမပျက်ကြေး

ကိုယ့်အဆင့်အတန်း

ကိုယ်ပြန်ပြီးအမှတ်ပေး

လူ့လောက

အကောင်းနဲ့အဆိုးများ

ကြုံတွေရတာ

အကြောင်းနဲ့အကြိုးတရား

လူတော်တယောက်

ဖြစ်ချင်ရင်ကြိုးစား

လူကောင်းတယောက်

ဖြစ်ချင်ရင်ရိုးသား

(စကားပြော)

လူတော်တယောက်ဖြစ်ဖို့ထက်

လူကောင်းတယောက်ဖြစ်ဖို့အတွက်

ငါကြိုးစားသွားမယ် (ဗျူဟာ)

ငါ့ရဲ့မနက်ဖြန်

တောက်ပလာစေမှာ

အခုကစ

မကောင်းတဲ့အကျင့်တွေ

မကောင်းတဲ့စရိုက်တွေ

စွန့်လွှတ်လိုက်ပီဟေ့

ငါ့ရဲ့မနက်ဖြန်

တောက်ပလာစေမှာ

အားလုံးအတွက်

တောင်းဆုပေးသူ

တယောက်အဖြစ်ရပ်တည်

တန်ဖိုးရှိတဲ့လူ

သားတယောက်ဖြစ်စေမယ်

လူသားတိုင်းမနက်ဖြန်တိုင်း

လှပကြပါစေဗျာ

ကိုကိုသားစစ်

Mehr von ဗျူဟာ

Alle sehenlogo