menu-iconlogo
huatong
huatong
avatar

အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ

မိဖူးhuatong
ဘလက်အီးဂဲလ်🦅🅱🅴🅵🦅huatong
Liedtext
Aufnahmen
ရေပြာလှိုင်း ကမ်းခြေဆီ …

မြေနီလမ်းကလေးကို

ဖြတ်လျှောက်ခဲ့သည်

နေခြည်ရောင်ဝါ ခြုံလွှမ်းသည် …

ပင်လယ်စင်ရော်တွေ ပျံဝဲလျက်ရှိသည် …

အနောက်ဘက် မိုးတိမ်တွေလည်း

မျောလွင့်ကြသည် …

အဝေးက ထုံးစေတီလေး

ဖူးတွေ့မှန်းရည်

ဆည်းလည်းခတ်သံတွေလည်း

သဲ့သဲ့မျှ ကိုယ်ကြားသည် …

ဆံပင်တွေ မျောလွင့်နေသည် …

ဒီရေတိုးတက်သံ

သဲ့သဲ့ ကြားသည်

ငိုသံလိုလို ထင်မိသည် …

တစ်ချိန်တစ်ခါဆီကို မျှော်ရည်

အသည်းနစ် မြစ်နဒီ …

သက္ကရာဇ်နောက်ပြန် အတိတ်သွား

ရထားကလေး တစ်စင်းသည် …

ရုတ်တရက်ခွဲခွာကာလ

အဟောင်းများသို့ဆီ …

ကမ်းစပ်ဘေးကရွာလေး

တဲစုစု အိမ်တန်းဆီ …

တူနှစ်ကိုယ် မနီးစပ်နိုင်ပြီ …

နှစ်ကိုယ်တူမှန်းတဲ့

အနာဂတ် အချစ်တိုင်းပြည် ..

ထူထောင်နိုင်ရန် စွန့်စားမည် …

သူငိုနေစဉ် နေဝင်စချုပ်ညရီ …

နှေးတုံ့လေးကန် ခြေလှမ်းများ စခဲ့သည် …

တရွေ့ရွေ့ ရွေ့ကျန်ရွာကလေး

ပြပြအဝေးသည် …

တစ်နေ့တော့ အချစ်ရွှေလက်တွဲ

နွှဲဆက်ဖို့ ပြန်ခဲ့မည် …

… SoLo …

ကိန္နရာချောင်း ခြားလေပြီ …

ကံကြမ္မာတရားက

ရှင်ကွဲ ခွဲရက်သည် …

တိမ်လို လေလို လွင့်သွားပြီ …

ရာသီတွေရယ် အလီလီ

ပြောင်းလဲခဲ့သည် …

နှလုံးသား နှုတ်ငုံတော်ဦး

ဖူးပွင့်ခဲ့ပြီ …

အဝေးရောက်ချစ်သူ ပြန်အရောက်

နောက်ကျခဲ့ပြီ …

အသည်းအသက်လက်လွန် တစ်ဆင့်စကား

နားနင့်နင့် ရင်ဆို့ပြီ …

ကြည်လဲ့စိမ်း မြနဒီ …

ရွှေရောင်ငါးလေးတွေ

ရှိတဲ့အရပ်ဆီ …

ရေမှာ ကွယ်လွန်သူ ရှိသည် …

သူရေ ကိုယ်ပြန်လာတယ်

အတိတ်နေ့ တစ်နေ့ဆီ …

သဲမွမွသောင်ခုံ တဲစုစု အရပ်ဆီ …

အဝေးရောက်ချစ်သူ ပြန်အရောက်

နောက်ကျခဲ့ပြီ …

စတေးခဲ့တဲ့ ရေပြင်ကလေး

လှိုင်းထလို့ ကျန်ခဲ့ပြီ …

မှော်ဆရာကလေး ဖြစ်ချင်သည် …

ပုံပြင်ဟောင်းကလေး

အသက်သွင်း မိတော့မည် …

တမလွန်ရွာသူ မြစန်းကြည် …

ဒီရင် ဒီလွင် ဒီနင် နှလုံးသားအရပ်ဆီ …

အထိမ်းအမှတ် မျက်ရည်မြစ်ကလေး

စီးဆင်းခဲ့သည် …

အခုတော့ ပါးစပ်ရာဇဝင်လေး

တစ်ခုဖြစ်ခဲ့ပြီ …

လှိုင်းအဆင့်ဆင့် ရင်ရင်လှိုင်း

လွမ်းရစ်မယ့် နဒီအပါးဆီ …

ဘလက်အီးဂဲလ်( BEF )

Thank for singing ......

Mehr von မိဖူး

Alle sehenlogo

Das könnte dir gefallen