သီချင်း : စိတ်ကူးယဉ်စာအုပ်
တေးဆို : ရွေထူး
ဒီစိတ်ကူးယဉ်စာအုပ်ထဲမှာ..
ငါနင့်အပေါ်လိုအပ်ချက်တွေ
အများကြီးထားခဲ့တဲ့အကြောင်းကို
သီချင်းလေးအဖြစ်ထည့်ရေးလိုက်တယ်..
ငါနင့်ကိုလုံးဝစိတ်မဆိုးဘူးနော်..
အိပ်မပျော်ဘူး..
မင်းစကားတွေကိုပြန်ကြားနေတယ် ..
ခံနိုင်ရည်ကုန်နေပြီ ငါ့နှလုံးသား..
မမေ့ပါနဲ့..
၃နှစ်တာ ဒီသံယောဇဉ်ကို..
ပျော်ရွှင်စရာတွေအကုန် လေထဲလွင့်..
မင်းကသိပ်တော်တယ် ငါ
အသည်းကွဲသွားပါတယ်
နင်ငါ့အပေါ်
အဆိပ်သုတ်နှုတ်ခမ်းနဲ့ အချစ်တွေကိုအပြည့်..
အမှားကြီးလုပ်လို့လားကွာ..
မင်းဒီလောက်ပြတ်သားတာ..
နေ့စွဲတွေ ပေါ့ပျက်ပျက်နဲ့မလေးနက်တော့ငါ
အရင်လိုမပျော်ဘူး
မင်းမရှိတော့ငါတစ်ယောက်တည်း
သုံးမရလို့ပစ်ချထားခဲ့သလားလို့
ငါမေးလိုက်ချင်တယ်..
Arrr..Arr..Ar
ပုံပြင်လိုပဲ အခုထက်ထိငါမယုံချင်ခဲ့
ညရောက်တိုင်း လန့်လန့်နိုးနေတယ်
မင်းလက်ကလေးထိလို့ ငါပြန်အိပ်ပါရစေကွယ်..
မဖြစ်နိုင်ဘူး..
မဖြစ်နိုင်ဘူး..
လာဒါဒီဒါး..ဒါ တာတာ
လာဒါဒီဒါး..ဒါ တာတာ
လာဒါဒီဒါး..ဒါ တာတာ
လာဒါဒီဒါး..ဒါ တာတာ
လုံးဝဖျောက်ဖျက်မရနိုင် သေရာပါအလွမ်းတွေ
ဘယ်သူကနှစ်သိမ့်မှာလဲ..
ဘယ်သူကဂရုစိုက်မှာလဲ..
သူငယ်ချင်းများဝိုင်းဟားကြတော့
ငိုနေရုံပဲကွယ်
ငါလမ်းပျောက်ခဲ့ပါပြီ
နင်ကလည့်လို့တောင်မကြည့်
အချစ်ကပျားရည်ဆို
ငါအတွက်တော့ခါးသလို..
ဝီစကီတစ်ခွက်လောက်လုံးဝသစ္စာမရှိဘူး..
အတိတ်မေ့သွားရင်ကောင်းမယ်
ရူးသွားရင်လဲ ကောင်းမယ်
ဟိုအဝေးမှာ
မင်းစွန့်ပစ်လိုက်တဲ့အချစ်မျက်ကန်းငါ..
အရင်လိုမပျော်ဘူး
မင်းမရှိတော့ငါတစ်ယောက်တည်း
သုံးမရလို့ပစ်ချထားခဲ့သလားလို့
ငါမေးလိုက်ချင်တယ်..
Arrr..Arr..Ar
ပုံပြင်လိုပဲ အခုထက်ထိငါမယုံချင်ခဲ့
ညရောက်တိုင်း လန့်လန့်နိုးနေတယ်
မင်းလက်ကလေးထိလို့ ငါပြန်အိပ်ပါရစေကွယ်..
မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..
မဖြစ်နိုင်ဘူး….