စစ်မှန်တဲ့တရား ခေါင်းမှာထည့်ပြီး
တွေးပါ သူအမြဲ ပြောပါတယ်
မေတ္တာလေနဲ့ အသက်ကိုရှူပြီး
သွားပါ သူအမြဲ ပြောပါတယ်
သစ္စာရေသောက် ဘဝတည်ဆောက်ပြီး
လျှောက်ပါ သူအမြဲ ပြောပါတယ်
ခေါင်းမဖော်နိုင်တဲ့ စိတ်ဒဏ်ရာနဲ့
အတိတ်မှာ မနေနဲ့ ပြောပါတယ်
မလဲပြိုနိုင်တဲ့ သိက္ခာတွေနဲ့
ရှေ့ကိုကြည့်စမ်း ပြောပါတယ်
သမိုင်းဆိုတာက တို့တွေအကုန်လုံး
အမြဲ သင်ယူဖို့ ပြောပါတယ်
အို တို့တွေရင်ထဲ လင်းစေနိုင်မယ့်
အပြုံးတွေ သူအမြဲပြုံးပြတယ်
တို့တွေအိပ်မက် လှစေနိုင်မယ့်
စကားတွေ သူအမြဲ ပြောပြတယ်
တို့တွေ အနာဂတ် မလွဲနိုင်အောင်လဲ
အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်
ဟူး တို့တွေစိတ်ထား မမှားနိုင်အောင်လဲ
အသိပညာနဲ့ လမ်းပြတယ်
တို့တွေမမြင်တဲ့ တံခါးတွေကိုလဲ
အတတ်ပညာနဲ့ ဖွင့်ဟတယ်
တို့တွေမျှော်မှန်း ပန်းတိုင်ကိုလဲ
မဝေးအောင်သူအမြဲ အမြဲတမ်းကြိုးစားပါတယ်
ရှေ့အန္တရာယ်များ ကြောက်ကာလန့်မသွား
မြဲမြန်စိတ်ထား ရှားပါတယ်
မုန်တိုင်းထန်နေတဲ့ အမှားပင်လယ်ထဲ
တပ်ကို မချဘူး ဆက်လှော်တယ်
အတုယူနိုင်ဖို့ လိုက်မမှီနိုင်တဲ့
နှလုံးသား လှလှရှိပါတယ်
အမှားကိုပြင်ဖို့ ခက်ထန်မာတဲ့
အားအင်တွေ အပြည့် ရှိပါတယ်
လဲသူကိုကမ်း လက်တစ်စုံဟာလဲ
မေတ္တာတွေနဲ့ မွန်းမံခြယ်
တို့တွေရဲ့လမ်း မမှားအောင်ညွှန်မယ့်
ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေးပါကွယ်
အိုး တို့တွေရင်ထဲ လင်းစေနိုင်မယ့်
အပြုံးတွေ သူအမြဲပြုံးပြတယ်
တို့တွေအိပ်မက် လှစေနိုင်မယ့်
စကားတွေ သူအမြဲ ပြောပြတယ်
တို့တွေ အနာဂတ် မလွဲနိုင်အောင်လဲ
အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်
ဒါဟာ အမှန်တရား
ဒါတွေဟာ အမှန်းတရား ရေ့ရေး
အိုး မင်းမွေးတဲ့ မြို့မလိုဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်ဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းရတဲ့ ဘွဲ့မလိုဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းရဲ့ အသိုင်းအဝိုင်း မဆိုင်ဘူးလေ
မင်း ရိုးသားဖို့လိုတယ်
အမှားကိုပြင်ဖို့ ခက်ထန်မာတဲ့
အားအင်တွေ အပြည့် ရှိပါတယ်
လဲသူကိုကမ်း လက်တစ်စုံဟာလဲ
မေတ္တာတွေနဲ့ မွန်းမံခြယ်
တို့တွေရဲ့လမ်း မမှားအောင်ညွှန်မယ့်
ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေးပါကွယ်
ဒါဟာ အမှန်တရား
ဒါတွေဟာ အမှန်းတရား ရေ့ရေး
ဒါဟာ အမှန်တရား
စစ်မှန်တဲ့တရား ခေါင်းမှာထည့်ပြီး
တွေးပါ သူအမြဲ ပြောပါတယ်
မေတ္တာလေနဲ့ အသက်ကိုရှူပြီး
သွားပါ သူအမြဲ ပြောပါတယ်
သစ္စာရေသောက် ဘဝတည်ဆောက်ပြီး
လျှောက်ပါ သူအမြဲ ပြောပါတယ်
ခေါင်းမဖော်နိုင်တဲ့ စိတ်ဒဏ်ရာနဲ့
အတိတ်မှာ မနေနဲ့ ပြောပါတယ်
မလဲပြိုနိုင်တဲ့ သိက္ခာတွေနဲ့
ရှေ့ကိုကြည့်စမ်း ပြောပါတယ်
သမိုင်းဆိုတာက တို့တွေအကုန်လုံး
အမြဲ သင်ယူဖို့ ပြောပါတယ်
အိုး မင်းမွေးတဲ့ မြို့မလိုဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်ဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းရတဲ့ ဘွဲ့မလိုဘူးလေ
မင်း ရိုးသားဖို့လိုတယ်
မင်းရဲ့ အသိုင်းအဝိုင်း မဆိုင်ဘူးလေ
မင်း ရိုးသားဖို့လိုတယ်
ဒါဟာ အမှန်တရား
ဒါတွေဟာ အမှန်တရား ရေ့ရေး
ရှေ့အန္တရာယ်များ ကြောက်ကာလန့်မသွား
မြဲမြန်စိတ်ထား ရှားပါတယ်
မုန်တိုင်းထန်နေတဲ့ အမှားပင်လယ်ထဲ
တပ်ကို မချဘူး ဆက်လှော်တယ်
အတုယူနိုင်ဖို့ လိုက်မမှီနိုင်တဲ့
နှလုံးသား လှလှရှိပါတယ်
မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်ဘူးလေ
မင်း ရိုးသားဖို့လိုတယ်
တို့တွေရင်ထဲ လင်းစေနိုင်မယ့်
အပြုံးတွေ သူအမြဲပြုံးပြတယ်
တို့တွေအိပ်မက် လှစေနိုင်မယ့်
စကားတွေ သူအမြဲ ပြောပြတယ်
တို့တွေ အနာဂတ် မလွဲနိုင်အောင်လဲ
အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်
အမှားကိုပြင်ဖို့ ခက်ထန်မာတဲ့
အားအင်တွေ အပြည့် ရှိပါတယ်
လဲသူကိုကမ်း လက်တစ်စုံဟာလဲ
မေတ္တာတွေနဲ့ မွမ်းမံခြယ်
တို့တွေရဲ့လမ်း မမှားအောင်ညွှန်မယ့်
ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေးပါကွယ်
POEEI