menu-iconlogo
huatong
huatong
avatar

ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ

လားဒင့္ထားရီhuatong
"Say_Z"{💉}huatong
Liedtext
Aufnahmen
ဒေါင်းယာဥ်ပျံမှာရေးတဲ့စာ

လားဒင့်ထားရီ

Intro:

ယုံစားမိတဲ့ နှလုံးသားဟာ

လှည့်စားသွားတဲ့ မင်းလက်မှာ

ဒဏ်ရာတွေနဲ့ တဖျက်ဖျက်ဆတ်ကာနာ

တန်ဖိုးထားပြီး ချစ်ခဲ့တာ

ပြန်ရိုးသားမှု မရှိတဲ့အခါ

ကမ္ဘာမြေဟာ ကျွမ်းလောင်ပျက်သုဥ်းသွား..

ဘဝဆက်တိုင်းမှာ

အချစ်ရဲ့ အဝေးမှာနေမယ်

မာယာတွေကခါးသက်တယ်

ဘဝနဲ့ရင်းပြီး သိခဲ့ရပြီပဲ..

အားလုံးသိအောင်

မိုးသားကောင်းကင်ပြင်ထဲ

စာတွေစီလို့ရေးခဲ့မယ်

အဆိပ်ထက်ပြင်းတဲ့ အချစ်ကိုမယုံနဲ့

သိပ်မှား..မယ် ....

Intro

ပျောက်ဆုံးသွားသော ကတိသစ္စာ

နောက်ဆုံးကျတော့ မရှိတော့ပါ

အလိမ်ညာတွေပဲ

အခုတော့ အကြွင်းကျန်တာ

​ရှောင်မရခဲ့တဲ့ အချစ်အတွက်ငါ

နောင်တတို့နဲ့ ပြည့်နက်ကာ

ဒီဝဋ်ကြွေးများစွာ ခံယူသွား..

ဘဝဆက်တိုင်းမှာ

အချစ်ရဲ့ အဝေးမှာနေမယ်

မာယာတွေက ခါးသက်တယ်

ဘဝနဲ့ရင်းပြီးသိခဲ့ရပြီပဲ..

အားလုံးသိအောင်

မိုးသားကောင်းကင်ပြင်ထဲ

စာတွေစီလို့ရေးခဲ့မယ်

အဆိပ်ထက်ပြင်းတဲ့ အချစ်ကိုမယုံနဲ့

သိပ်မှား..မယ် ....

သံသရာတစ်ကွေ့မှာ ပြန်တွေ့ခဲ့ရင်

ဒဏ်ရာတွေမေ့ကာ ပြန်မချစ်မိအောင်

ဒေါင်းယာဥ်ပျံဘုံနဘေးမှာ

စာရေးလို့ ထားချင်

အဆိပ်ထက်ပြင်းထန်သောအချစ်...

Music

ဘဝဆက်တိုင်းမှာ

အချစ်ရဲ့ အဝေးမှာနေမယ်

မာယာတွေက ခါးသက်တယ်

ဘဝနဲ့ရင်းပြီးသိခဲ့ရပြီပဲ

အားလုံးသိအောင်

မိုးသားကောင်းကင်ပြင်ထဲ

စာတွေစီလို့ရေးခဲ့မယ်

အဆိပ်ထက်ပြင်းတဲ့ အချစ်ကိုမယုံနဲ့

သိပ်မှား..မယ် ....

သံသရာတစ်ကွေ့မှာ ပြန်တွေ့ခဲ့ရင်

ဒဏ်ရာတွေမေ့ကာ ပြန်မချစ်မိအောင်

ဒေါင်းယာဥ်ပျံဘုံနဘေးမှာ

စာရေးလို့ ထားချင်

အဆိပ်ထက်ပြင်းထန်သောအချစ်...

အဆိပ်လိုအချစ် ....

ရွှင်လန်းချမ်းမြေ့ကြပါစေ....

For .... Nwe( Forever )

Say_Z (MP&TT) Family

Mehr von လားဒင့္ထားရီ

Alle sehenlogo