ခေတ်သစ်ခုနှစ်ထွေ
သူဇာအောင်
သြော် အတောင်နှစ်ဆယ် ၀တ်ကြီးတွေရဲ့ ခေတ်သစ်ခုနှစ်ထွေ
ယောကျ်ားတွေအကြောင်း ပြောမယ် နားသာထောင်
အစကတည်းက ယဉ်သကို ဆိုရမလိုလို ပြောရမလိုလို
စကားမတည်ပေါင် ငါးနှစ်ကောင် ဖမ်းချင်တဲ့ ယောက်ျားမျိုးကိုရှောင်
လော်မာအသည်း အပျော်ညှာချွဲ ဇော်ပါဘဲ ဇော်ယောင်ဂျီယောင်
ဇော်ယောင်ဂျီယောင် ပိုးလိုက်တဲ့မောင် ပန်းလိုက်တဲ့မောင်
ဇော်ယောင်ဂျီယောင် ဇော်ယောင်ဂျီယောင်
ပိုးလိုက်တဲ့မောင် ပန်းလိုက်တဲ့မောင်
အပျိုဆိုမရှောင်ငေး ဝေးဝေးက ကြည့်လို့သာရှောင်
အပျိုဆိုမရှောင်ငေး ဝေးဝေးက ကြည့်လို့သာရှောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
တချို့ကျတော့လည်း ကြည့်ပုံသဲ ကဲမယောင်ယောင်
ဂုမ္ဘာန်ယက္ခ တာနောဘီလူးထက် ဆိုးမယ့် အရိပ်အယောင်
ဆန်းပြားဦးမယ့် အရိပ်အယောင်
ကြည့်ပုံတကယ်ရဲ စားမယောင် ဝါးမယောင်
သူ့မျက်နှာ ဘီလူးထက်ပိုကဲ အသည်း ယားစရာ လူပုံထဲမရှောင်
ကြည့်ပုံတကယ်ရဲ စားမယောင် ဝါးမယောင်
သူ့မျက်နှာ ဘီလူးထက်ပိုကဲ အသည်းယားစရာ လူပုံထဲမရှောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ကျားဆိုရင်ရှောင် စကားအပိုမထွင်ပေါင်
အမှားကိုမြင်အောင် ပြောလိုက်ဦးမယ်
မိန်းမသားတွေ နားထောင်
ဟိုအပင်ဒီအပင်ကူးတဲ့ ယောကျ်ားမျိုးလည်း မရှားပေါင် ဝေးဝေးရှောင်
ဟိုအပင် ဒီအပင်ကူးပါလို့ ရည်းစားတွေက တစ်ထောင်နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့ ရည်းစားတွေက တစ်ထောင်နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့ ရည်းစားတွေက တစ်ထောင်နှစ်ထောင်
ဟိုအပင် ဒီအပင်ကူးပါလို့ ရည်းစားတွေက တစ်ထောင်နှစ်ထောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
အိန္ဒြေသံပတ္တိရယ်နဲ့ ဆန်းတတ်ပါဘိ ကိုကိုမောင်မောင်
အိန္ဒြေကြီးနဲ့ မျက်လွှာချကာ ရှက်သယောင်ယောင် ရွံ့သယောင်ယောင်
အဟုတ်မမှတ်နဲ့မောင် သရုပ်ဇာတ်ဖွဲ့ဆောင် ဪ မခုတ်တတ်တဲ့ကြောင်
ရှင်လိန်ပြန်ကြီးလားလို့ မှတ်ထင်ရလောက်အောင်
တကယ်ပဲဟန်ဆောင် တုံးလွန်းလို့ မယုံလေနဲ့မောင်
မာယာကို ချစ်တမ်းကစားလို့ မှတ်မိမယ် ဓါတ်သိဟန်ဆောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
အိမ်ဦးနတ်လို ယောကျာ်းမျိုးကိုတော့
ရို့ကျိုးမယ်မကြံနဲ့ ရို့ကျိုးမယ်မကြံနဲ့
နေရာတကာပဲ အနိုင်ယူဦးဆောင်
အိမ်သူမယားကို လားလားမှတောင်
အရေးမလုပ်တတ်ပေါင်
ချိုချဉ်သကာပွဲ တာ၀န်မပျက်ပေါင်
ကိုယ်တော်ချောကို ကျွေးလို့သာကြောက်ရသတဲ့မောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
တချို့များကျတော့ အားမနေရပေါင်
နားရည်၀အောင် စကားတွေကဖောင်
သြော် အကြွားတွေကဆောင်
အတိတ်များ ပြေးမြင်အားရင် ပဋိတ္ခရားလေး တင်စားထင်မှားသယောင်
တီတီတာတာ ချစ်ခွန်းဆင့် စကားတွေလည်း အဖောင်ဖောင်
ငွေကုန်သံပြာ ပဋိတ္ခရားလေးများ ၀င်စားသယောင်ယောင်
ဘာဘာညာညာ စကားတွေသူရှာကာ
တကယ်ပဲ အသည်းချွဲ ညာမဆုံးပေါင်
ချစ်ခွန်းတင့်လည်း မဆုံးပေါင်
တီတီတာတာ ချစ်ခွန်းဆင့် စကားတွေလည်း အဖောင်ဖောင်
ငွေကုန်သံပြာ ပဋိတ္ခရားလေးများ ၀င်စားသယောင်ယောင်
ဘာဘာညာညာ စကားတွေသူရှာကာ
တကယ်ပဲ အသည်းချွဲ ညာမဆုံးပေါင်
ချစ်ခွန်းတင့်လည်း မဆုံးပေါင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
ဒီလိုဆို မလွယ်ဘူးမောင်
Thanks KK