ဂန္ထဝင်မေမေ
ဟံသာစိုးမင်း
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင်းမိုရ်ဆယ်ဖြာမြင့်သောချစ်မေမေ
ဪ ချစ်မေမေရေ မေမေရေ
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင်းမိုရ်ဆယ်ဖြာမြင့်သောချစ်မေမေ
ဪ ချစ်မေမေရေ မေမေရေ
နှလုံးသွေးကိုစု ပုံပြုသွန်းထု
နီသောသွေးကို သန့်စင်ဖြူစေ
စွမ်းတဲ့မွေးကျေးဇူးရှင်
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ....
လူသားမြောက်လို့အတောင်စုံကြတော့
သံယောဇဉ်အချစ်သစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကိုကျောခိုင်းသွားတော့
မေမေ သမုဒယဥမ္မတကာကြီးရေ
မေမေ သမုဒယဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့ နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေကရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ....
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင်းမိုရ်ဆယ်ဖြာမြင့်သောချစ်မေမေ
ဪ ချစ်မေမေရေ မေမေရေ
နှလုံးသွေးကိုစု ပုံပြုသွန်းထု
နီသောသွေးကို သန့်စင်ဖြူစေ
စွမ်းတဲ့မွေးကျေးဇူးရှင်
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ....
လူသားမြောက်လို့အတောင်စုံကြတော့
သံယောဇဉ်အချစ်သစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကိုကျောခိုင်းသွားတော့
မေမေ သမုဒယဥမ္မတကာကြီးရေ
မေမေ သမုဒယဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့ နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေ ကရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ....
Thank All