ချယ်ရီချစ်တဲ့ချင်းဇလပ်
အောင်မြင့်မြတ်
တိမ်တွေအလှဆုံး အချိန်
ဒါ ဘယ်လို ခေါ်သလဲတဲ့လေ
တိမ်ပင်လယ်ကြီး ရှေ့မှာ သူမေးရင်း ရယ်ကာနေ
တောင်ပေါ် ဇလပ်ပန်းနဲ့
အနည်ထိုင်နေသူ ဇာတ်လမ်းတွေ
ချယ်ရီမြေကလေ ကိုယ်နာကျင်စွာ လွမ်းနေ
မနက်ခင်းတွေက မင်းကို လွမ်းစေတဲ့ အရိပ်တွေပေး
ကိုယ်မရောက်လာတဲ့ လမ်းမှာ မင်း စောင့်လို့နေမလားလေ ဇလပ်ပန်းလေး
တောင်ပေါ် ဇလပ်ပန်းလေးရေ
တစ်နယ်စီသာ ကွဲနေ
ဒီ တစ်နိုင်ငံစီထဲကလေ
အတူ ပြန်မဆုံသေးပေ ကံခေနေသူ နှစ်ယောက်ဟေ့
နေခြည် မနက်ခင်းတစ်ဖက်
ဒီ နေဝင်ချိန်ရဲ့ တစ်ဖက်စီ
တောင်ပေါ်သူ အငွေ့အသက် တောင်ပေါ်သားက ရနေပြီ
စိတ်ကူးယဉ်ပြီး စောင့်သည်
ရှမ်းပြည်က ပန်းချယ်ရီ
သူချစ်နေတဲ့ ချင်းတောင်တန်းက ဇလပ်ပွင့်ကလေးဆီ အချစ်ကလေးဆီ
တောင်ပေါ် ဇလပ်ပန်းလေးဆီ
ဇလပ်ပန်း ပွင့်ဖြူလေးလို
မင်းရဲ့စိတ်နေ ဖြူစင်တယ်
ဇလပ်ပန်း ပွင့်နီလေးလို
မင်းနှုတ်ခမ်းလေးပါ နီကာရဲ
ဇလပ်ပန်း ပွင့်ဝါလေးလို
မင်းအသားလေးဟာ ဝါလေတယ်
မြင်ဖူး တွေ့ခဲ့ဖူးသူတိုင်းလည်း မင်းကို ခင်မင်ခဲ့
တောင်တန်းပေါ်က ပန်းတွေ
အမွှန်း တင်ရလောက်အောင်ပေ
ဒီပန်းတွေထဲ ရွေးချယ်ပြီး အမှတ်ရစေခဲ့ပေ ဇလပ်ပန်းလေး
တောင်ပေါ် ဇလပ်ပန်းလေးရေ
စိတ်ကူးယဉ်ပြီး စောင့်သည် ရှမ်းပြည်က ပန်းချယ်ရီ
သူချစ်နေတဲ့ ချင်းတောင်တန်းက ဇလပ်ပွင့်ကလေးဆီ အချစ်ကလေးဆီ
တောင်ပေါ် ဇလပ်ပန်းလေးဆီ
တောင်ပေါ် ဇလပ်ပန်းလေးဆီ
Thanks KK