menu-iconlogo
huatong
huatong
avatar

ဘဝစစ်ရဲ့မာတိကာ

အောင်လhuatong
spikerules05huatong
Liedtext
Aufnahmen
သီချင်း - ဘဝစစ်ရဲ့မာတိကာ

တေးဆို - အောင်လ

ပြောပြဖို့မလို အကြောင်းပြချက်တို့

အပေါ်ယံသာနားလည်ထားတဲ့ဘဝအစစ်တစ်ခုကို

လောကရဲ့အလယ် စမ်းတဝါးဝါးနဲ့အပြုံးတုမျက်နှာဖုံးတွေ

ကာထားတဲ့အမှားကို အမှန်ထင်ခဲ့

ဘဝရဲ့အလယ်

မီးအိမ်ငယ်အလင်းများပျောက်ဆုံးခဲ့

အခါခါမှား ယုံကြည်ချက်နဲ့အတ္တတွေရဲ့ကြား

ဒါဘဝကပေးတဲ့သင်ခန်းစာတွေဟာခါး

အငိုမျက်လုံးရဲ့နောက်ကရယ်သံများ

ဆင်ကန်းတောတိုးရင်းအမှောင်ထဲမှာငါ့ဘဝ

ကစားပွဲတစ်ခုလိုအရံှူးနဲ့အနိုင်ကို

ကံကိုယုံဘဝတွေစုပုံလောင်းကြေးထပ်သလို

အတိအကျမရှိသော

အပြောင်းအလဲရဲ့သဘော

လဲကျကာအမုန်းတွေကာစီးထား

မလှပတော့ပါအသက်ဝိညာဉ်များ

အခါခါမှား

ယုံကြည်ချက်နဲ့အတ္တတွေရဲ့ကြား

ဒါဘဝကပေးတဲ့သင်ခန်းစာတွေဟာခါး

အငိုမျက်လုံးရဲ့နောက်ကရယ်သံများ

ဆင်ကန်းတောတိုးရင်းအမှောင်ထဲကငါ့ဘဝ

စိတ်ဓာတ်အတုတွေရဲ့ကြားကရှင်သန်ခဲ့တဲ့ပုံစံများ

ဆေးစက်များစွာကျန်ရစ်ခဲ့

ပြာဖြစ်သွားတဲ့အနာဂတ်ထဲ

ပြိုကျသွားတဲ့အချိန်တွေထဲ

ဒဏ်ရာများနဲ့ပျော်နေတယ်

ယုံကြည်ချက်နဲ့အတ္တတွေရဲ့ကြား

ဒါဘဝကပေးတဲ့သင်ခန်းစာတွေဟာခါး

အငိုမျက်လုံးရဲ့နောက်ကရယ်သံများ

ဆင်ကန်းတောတိုးရင်းအမှောင်ထဲမှာငါ့ဘဝ

Mehr von အောင်လ

Alle sehenlogo