အသည်းပိုလေးပေးသနားပါ
အနိုင်
မခိုင်အသည်းလေးကို
မောင်ပိုင်ထားခဲ့တယ်
မှိုင်ငေးလို့ကိုယ့်မှာ ငိုငိုကြွေးရတယ်
သူစိမ်းပြင်ပြင်
မိန်းကလေးရယ်စိမ်း ပြေးခဲ့တယ်
ဖိုးရွှေလ သက်သေ တိုင်တည်
ရိုးမြေ ကျ
ရတတ်ပွေလှိုင်မဲ့သူပါကွယ်
နာကျည်း လို့သာ
ကမ္ဘာကြီးမေ့သွားဦးကွယ်
ကံပေးသမျှဒဏ်
ရင်စည်းကာခံစားပါ့မယ်
အမျက်မပြေရင်
သက်သေတင်အသည်းလေးကို
အမိုက်ခံ၍ ပေးသူပါကွယ်
ခဲလေ သမျှ
အသည်းသာကြွေရပါတယ်ကွယ်
သံသရာ ဆိုတာ
နောင်ဘဝတော့ရှိကောင်းရှိမယ်
မေတ္တာ စစ်ပွဲ နွှဲလေသမျှလွဲ
အသည်းအပိုတော့မရှိရင်
မဖြစ်တော့တယ် ..
သံသရာ ဆိုတာ
နောင်ဘဝတော့ရှိကောင်းရှိမယ်
မေတ္တာ စစ်ပွဲ နွှဲလေသမျှလွဲ
အသည်းအပိုတော့မရှိရင်
မဖြစ်တော့တယ် ..
အငြိုးကြီးမားလျက်ကွယ်
အမျိုးသမီးများအတွက်ရယ်
တန်ခိုးကြီးဘုရားရှေ့မှာ
လက်စုံမိုးကာဆုတောင်းလိုပါတယ်
ချစ်ကံကြမ္မာ မညီမျှလို့
ဒီဘဝတော့မပေါင်းရပေမဲ့
နောင်ဆယ်ဘဝ
ဆုတောင်းလေးတွေပြည့်ဖို့ကြံရွှယ်
အများနဲ့မတူဘဲ
အချစ်ရှုံးခဲ့တဲ့တပည့်တော်ကိုကွယ်
သနားတော်မူခဲ့ရင်
အမြဲအလိုပြည့်အောင်
အသည်းပိုလေးပေးသနားစေချင်တယ်
မခိုင်အသည်းလေးကို
မောင်ပိုင်ထားခဲ့တယ်
မှိုင်ငေးလို့ကိုယ့်မှာ ငိုငိုကြွေးရတယ်
သူစိမ်းပြင်ပြင်
မိန်းကလေးရယ်စိမ်း ပြေးခဲ့တယ်
ဖိုးရွှေလ သက်သေ တိုင်တည်
ရိုးမြေ ကျ
ရတတ်ပွေလှိုင်မဲ့သူပါကွယ်
နာကျည်း လို့သာ
ကမ္ဘာကြီးမေ့သွားဦးကွယ်
ကံပေးသမျှဒဏ်
ရင်စည်းကာခံစားပါ့မယ်
အမျက်မပြေရင်
သက်သေတင်အသည်းလေးကို
အမိုက်ခံ၍ ပေးသူပါကွယ်
ခဲလေ သမျှ
အသည်းသာကြွေရပါတယ်ကွယ်
သံသရာ ဆိုတာ
နောင်ဘဝတော့ရှိကောင်းရှိမယ်
မေတ္တာ စစ်ပွဲ နွှဲလေသမျှလွဲ
အသည်းအပိုတော့မရှိရင်
မဖြစ်တော့တယ် ..
အငြိုးကြီးမားလျက်ကွယ်
အမျိုးသမီးများအတွက်ရယ်
တန်ခိုးကြီးဘုရားရှေ့မှာ
လက်စုံမိုးကာဆုတောင်းလိုပါတယ်
ချစ်ကံကြမ္မာ မညီမျှလို့
ဒီဘဝတော့မပေါင်းရပေမဲ့
နောင်ဆယ်ဘဝ
ဆုတောင်းလေးတွေပြည့်ဖို့ကြံရွှယ်
အများနဲ့မတူဘဲ
အချစ်ရှုံးခဲ့တဲ့တပည့်တော်ကိုကွယ်
သနားတော်မူခဲ့ရင်
အမြဲအလိုပြည့်အောင်
အသည်းပိုလေးပေးသနားစေချင်တယ်