menu-iconlogo
huatong
huatong
avatar

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ

ဂျေမောင်မောင်huatong
AungThihax00x00x00🪐REBORN🪐huatong
Liedtext
Aufnahmen
နေရစ်ခဲ့လို့ ထားခဲ့သူ

ပြန်တွေ့ကြဖို့ မလွယ်ကူ

တစ်ယောက်မျက်နှာကို

ဟိုစဉ်တစ်ယောက် ကြည့်ကာမဝတယ်

တွေ့ဆုံချိန်တွေ ဝေးပြီကွယ်

နေရစ်ခဲ့တစ်ယောက်တည်း ဘဝမှာ

အတိတ်ရဲ့အရိပ်တွေ နေရာတကာ

တစ်ယောက်မျက်နှာကို

အရင်လိုတစ်ယောက်က ကြည့်နေဖို့ရယ်

တွေ့ခွင့်ဆုံခွင့်ဝေးပြီကွယ်

ပြန်ဆုံဆည်းနီးဖို့ရယ်

မျှော်လင့်ချက်တွေဟာ ရင်မှာ

အကြိမ်ကြိမ်သာ ဆုတောင်းရင်းနဲ့လေ

အစဉ်ကြေကွဲရင်း မျှော်လင့်အသည်းမှာ

နေရစ်ခဲ့လို့ ခွဲခဲ့တာ

ရက်စက်လှတဲ့ ကံကြမ္မာ

တစ်ယောက်မျက်နှာကို

ထာဝစဉ်တစ်ယောက် ကြည့်နေခွင့်တွေ

ခုဘဝမှာတော့ ဝေးပြီလေ

ပြန်ဆုံဆည်းနီးဖို့ရယ်

မျှော်လင့်ချက်တွေဟာ ရင်မှာ

အကြိမ်ကြိမ်သာ ဆုတောင်းရင်းနဲ့လေ

အမြဲကြေကွဲရင်း မျှော်လင့်အသည်းမှာ

နေရစ်ခဲ့လို့ ထားခဲ့သူ

ပြန်တွေ့ကြဖို့ မလွယ်ကူ

တစ်ယောက်မျက်နှာကို

ဟိုစဉ်တစ်ယောက် ကြည့်ကာမဝတယ်

တွေ့ဆုံချိန်တွေ ဝေးပြီကွယ်

တစ်ယောက်မျက်နှာကို

ဟိုစဉ်တစ်ယောက် ကြည့်ကာမဝတယ်

တွေ့ဆုံချိန်တွေ ဝေးပြီကွယ်

Mehr von ဂျေမောင်မောင်

Alle sehenlogo
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ von ဂျေမောင်မောင် - Songtext & Covers