No_Mie
ဘယ်ပန်းချီရေးလို့မမီ
ဘယ်ပန်းချီရေးလို့
မမီခဲ့သည်
ချစ်မေတ္တာတွေသည်
ညွှန်းစာဖွဲ့နွဲ့လို့မမီ
အဏ္ဏဝါသမုဒ် မင်ပြာတွေ
ကုန်စေ့မည်
အာကာတစ်ခွင်လုံးသုံးတော့
ပေလွှာတွေမဆုံးပြီ
နှလုံးသာမှာချိုစွာ
ညွှန်းဆိုနှောပြောပြလေသည်
ခင်တွယ်စရာမိဘဟူသည်
အစားထိုးဖွယ်မရှိပြီ
ထာဝရဘုရားနဲ့
တကယ်ပင်တရားသဘောညီ
အို တစ်ကိုင်းတည်းနှုင်းခဲ့ကြသည် မိဘရဲ့
အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟက်
မပြတ်လည်သည်
တကယ်ပင်
တေးဖွဲ့လို့မမီ
အစဉ်သာနှိုင်းတုလူ့တစ်ခွင်
ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး
ပေးအပ်ပါမည်
ခင်တွယ်စရာမိဘဟူသည်
အစားထိုးဖွယ်မရှိပြီ
ထာဝရဘုရားနဲ့
တကယ်ပင်တရားသဘောညီ
အို တစ်ကိုင်းတည်းနှုင်းခဲ့ကြသည်.
မိဘရဲ့
အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟက်
မပြတ်လည်သည်
တကယ်ပင်
တေးဖွဲ့လို့မမီ
အစဉ်သာနှိုင်းတု
လူ့တစ်ခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်
No_Mie