မိသားစုကန်တော့ပွဲ
တေးဆို/မင်းလွင်မိုး/စိမ့်နေခြည်
Intro...........
(G) လူလားမြောက်တဲ့အရွယ်
ကထဲကလေ လောကဒါဏ်ကို
ရင်ဆိုင်တွေ့ကြုံခဲ့ပါပြီ နိမ့်ခြည်တခါ
သာခြည်တလှည့်ရယ်နဲ့
သမုဒယနယ်မှာကျင်လည်ကျက်စား
မအားလပ်နိုင်ရှာပေလောကဓမ္မတာ
သောကအဖြာဖြာကြုံခဲ့ရပေ ချစ်သော
ဖေဖေချစ်သောမေမေမတွေ့တာကြာလေ
လေပို၍သတိရလေတယ်လေ ရင်၌
လွယ်ဖွားသားသမီးများကအတိုးချ
ကန်တော့ပါရစေ...
~~~~~~~~~~~
( B) မြင့်မိုရ်တောင်ဦးကျေးဇူးဂုဏ်တွေ
ဆပ်လို့မကုန်ပေသီတာရေတပေါက်လေး
ကျရုံမျှနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းပေ
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ဝါးဖတ်တော်ကဆီနှစ်နဲ့လူဖြစ်အောင်ကျွေး
မှဲ့ခြင်ယင်မသမ်းရအောင်
ပင်ပန်းကြီးစွာမွေးမြူခဲ့ပေဒီကျေးဇူး
ဂုဏ်တွေ ရည်မျှော်မှန်းလို့
သားကန်တော့ပါတယ်လေ
ကျေးဇူးရှင်ဖေဖေနဲ့မေမေ.....
~~~~~~~~~
ငယ်စဉ်တောင်ကျေးခလေးဘဝက
တေးဆိုလို့ချော့မြူပုံတွေမှတ်မိနေသေးပေ
ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့
ဆိုတဲ့အသံတွေ..
( G ) မိတ္ထီလာကန်တော်အောက်က
ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့
အသံလေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....
~~~~~~~~~~
( B ) ငယ်စဉ်တောင်ကျေးခလေးဘဝက
တေးဆိုလို့ချော့မြူပုံတွေ မှတ်မိနေသေးပေ
ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့
ဆိုတဲ့အသံတွေ....
( G ) မိတ္ထီလာကန်တော်အောက်က
ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့အသံ
လေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....
~~~~~~~~~~~
(B) သကလရေကြည် သြော်စတေတည်
ကထဲကပူငန်စပ်ခါးရှောင်ရှားကာလေ
မကောင်းမေတ္တာ သြော်ကောင်းရာညွှန်လို့
ရင်းနှီးပေးဝေ အတတ်ကိုလည်းသင်စေ
ထိမ်းမျှားခြင်းဝတ်ငါးထွေကျေပွန်ပါပေ
ကြီးမားသော မေတ္တာမျိုးနဲ့ သားသမီး
ဆိုးတွေကိုလည်းပြစ်ရိုးထုံးစံမရှိခဲ့ပေ
တို့ဘုရားတော်မှနို့တလုံးဘိုးကြေ
အနန္တဂိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးကို
သားကန်တော့ပါတယ်လေ...
~~~~~~~~~~~
(B. G) တအူတုံဆင်းတို့မောင်နှမ
ရင်းတွေ ချစ်ချင်းမေတ္တာအဓိက
ထားလို့လေ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့
သြောဝါဒစကားတွေ...
မကြားရတာကြာခဲ့ပြီလေချစ်သော
ဖေဖေချစ်သောမေမေသားတို့သမီးတို့
လက်ဆယ်ဖြာ ယှက်ကာမိုးလို့
ရှစ်ခိုးကန်တော့ပါရစေ ....
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးတင်ပါတယ်...