အညာမိတဲ့ အညာသား
တေးဆို အောင်သူ
GO....
သြော် မောင်တို့အညာမှာ
တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတော
လွမ်းမောစရာပဲ
ရန်ကုန်သူရယ် ရန်ကုန်သူရယ်
ရန်ကုန်မြို့ကြီးကိုတဲ့
ယောင်လည်လည် ရောက်လာခဲ့တယ်
မျက်လုံးလေး ကလည်ကလည်
မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ
ဒဏ်ရိုက်ခံရတယ်
ကားမှားစီးလို့ ရှက်စဖွယ်မျက်နှာငယ်
အလှောင်ပြောင် ခံရတယ်
အောက်ပြည်အောက်ရွာဆိုတာ
လူညာတွေ ပေါလေသတဲ့
မကြုံဖူးလို့ မယုံဘူးမေရယ်
မကြုံဖူးလို့ မယုံဘူးမေရယ်
အဲတာကြောင့်လည်း
ရန်ကုန်သူကို အညာသားချစ်ခဲ့တယ်
သြော် မောင်တို့အညာမှာ
တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတော
လွမ်းမောစရာပဲ
ရန်ကုန်သူရယ် ရန်ကုန်သူရယ်
ရန်ကုန်မြို့ကြီးကိုတဲ့
ယောင်လည်လည် ရောက်လာခဲ့တယ်
မျက်လုံးလေး ကလည်ကလည်
မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ
ဒဏ်ရိုက်ခံရတယ်
ကားမှားစီးလို့ ရှက်စဖွယ်မျက်နှာငယ်
အလှောင်ပြောင် ခံရတယ်
အောက်ပြည် အောက်ရွာဆိုတာ
လူညာတွေ ပေါလေသတဲ့
မကြုံဖူးလို့ မယုံဘူးမေရယ်
မကြုံဖူးလို့ မယုံဘူးမေရယ်
အဲတာကြောင့်လည်း
ရန်ကုန်သူကို အညာသားချစ်ခဲ့တယ်
.......
မင်းတို့ရန်ကုန်မြို့မှာ
အချစ်ကို ခါးပိုက်နှိုက်တတ်တာ
မောင်မကြားမိလို့ မှားခဲ့ပါပြီကွယ်
ရန်ကုန်သူရယ်
မင်းတို့ရန်ကုန်မြို့မှာ
အသည်းနှလုံးကို အတုလုပ်ရောင်းတာ
မောင်မကြားမိလို့ မှားခဲ့ပါပြီကွယ်
ရန်ကုန်သူရယ်
ဒီတစ်ခါ အညာပြန်အရှုံး
အသည်းနှလုံး မပါဘူးကွယ်
မင်းနဲ့အတူ သွားခဲ့တဲ့သမ္မတရုံထဲမှာ
ပြုတ်ကျခဲ့လေသလား
ကရဝိက်အပြန်မှာ မေ့ရစ်ခဲ့လေသလား
ရွှေတိဂုံမှာလား တိရစ္ဆာန်ရုံမှာလား
မကွဲပြားတော့ဘူး
အညာအပြန် အသည်းမပါပေမယ့်
ငိုမယ်မထင်နဲ့
ရန်ကုန်မြို့သူ မိအညာကြီးရယ်
အောက်ပြည်ရွာ အလည်သွား
ဘာလက်ဆောင်များ မင်းပါလာခဲ့တယ်
အညာရောက်ရင် မေးကြလိမ့်မယ်
ထန်းခေါက်ဖာလေးကိုမောင်ဖွင့်ပြမယ်
မင်းဓာတ်ပုံတွေ မင်းရဲ့စာတွေ
အောက်ပြည်ထွက် အညာပစ္စည်း
အညာမမိကြဖို့ မောင်ဖွင့်ပြလိုက်မယ်
..........
မင်းတို့ရန်ကုန်မြို့မှာ
အချစ်ကို ခါးပိုက်နှိုက်တတ်တာ
မောင်မကြားမိလို့ မှားခဲ့ပါပြီကွယ်
ရန်ကုန်သူရယ်
မင်းတို့ရန်ကုန်မြို့မှာ
အသည်းနှလုံးကို အတုလုပ်ရောင်းတာ
မောင်မကြားမိလို့ မှားခဲ့ပါပြီကွယ်
ရန်ကုန်သူရယ်
ဒီတစ်ခါ အညာပြန်အရှုံး
အသည်းနှလုံး မပါဘူးကွယ်
မင်းနဲ့အတူသွားခဲ့တဲ့ သမ္မတရုံထဲမှာ
ပြုတ်ကျခဲ့လေသလား
ကရဝိက်အပြန်မှာ မေ့ရစ်ခဲ့လေသလား
ရွှေတိဂုံမှာလား တိရစ္ဆာန်ရုံမှာလား
မကွဲပြားတော့ဘူး
အညာအပြန် အသည်းမပါပေမယ့်
ငိုမယ်မထင်နဲ့
ရန်ကုန်မြို့သူ မိအညာကြီးရယ်
အောက်ပြည်ရွာ အလည်သွား
ဘာလက်ဆောင်များ မင်းပါလာခဲ့တယ်
အညာရောက်ရင် မေးကြလိမ့်မယ်
ထန်းခေါက်ဖာလေးကိုမောင်ဖွင့်ပြမယ်
မင်းဓာတ်ပုံတွေ မင်းရဲ့စာတွေ
အောက်ပြည်ထွက် အညာပစ္စည်း
အညာမမိကြဖို့ မောင်ဖွင့်ပြလိုက်မယ်
အောက်ပြည်မှာမွေးတဲ့ အညာသူရယ်
သဒ္ဒါလန်လို့ ကဗျာမဆန်လို့
အညာကိုပြန်တော့မယ်
အောက်ပြည်မှာမွေးတဲ့ အညာသူရယ်
သဒ္ဒါလန်လို့ ကဗျာမဆန်လို့
အညာကိုပြန်တော့မယ်
အောက်ပြည်မှာမွေးတဲ့ အညာသူရယ်
သဒ္ဒါလန်လို့ ကဗျာမဆန်လို့
အညာကို ပြန်တော့မယ်
THANK YOU