menu-iconlogo
huatong
huatong
avatar

စာ

Athen Cho Swehuatong
motleycrue8168huatong
Liedtext
Aufnahmen
သီချင်း- စာ

တေးဆို- အေသင်ချိုဆွေ

ကိုယ်မြတ်နိုးဖူးသူရဲ့ လက်နဲ့

ကိုယ်တိုင်ရေးလို့ ထားရှာတယ်

အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့

စာလုံးဝိုင်းလေးတွေကို ပြန်မြင်လိုက်ရတေ့ာ

ပြန်လည်တွေ့ လိုက်ရတယ်

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူး....ကွယ်...

ကိုယ်ခံစားပြီးနေရ နေ့ရက်တွေက

ဟောင်းနွမ်းသွားပြီပဲ ဘယ်သဘောမျိုး

အကြံစည်မျိုးနဲ့ထပ်မံ နှိပ်စက်ရပြန်သလဲ ဒီတခါ

အသဲနှလုံးက မခံနိုင်ငြင်းထုတ်လိုက်တယ်

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူး....ကွယ်...

အနေဝေး ပြီးသွေးအေးသွားတယ် မင်းထင်လိမ့်မယ်

တကယ်တော့ ကြိုးစားပြီး မေ့ခဲ့ရတယ်

ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့ တချိန်က

တို့အတိတ်မှာ ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ

ဆုံးရှုံးမှုတွေ မရှိတော့ဘူးလေ.. ကွယ်..

လိုရာအသုံးချခဲ့ပြီး သွားတော့..

သူ....ရက်စက်လိုက်တာ

ချစ်လွန်းလို့ ရင်မှာ သဘောထားကြီးစွာ

အပြုံးနဲ့ ထွက်ခွာခဲ့

အချိန်ဟာ တို့ ဘဝကို လိမ္မာစွာကုသပေးခဲ့

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူး ..ကွယ်...

အနေဝေးပြီးသွေးအေးသွားတယ် မင်းထင်လိမ့်မယ်

တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ်

ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့တချိန်က

တို့အတိတ်မှာ ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ

ဆုံးရှုံးမှုတွေ မရှိတော့ဘူးလေ ကွယ်

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူးကွယ်...

Mehr von Athen Cho Swe

Alle sehenlogo